ဂါဇာ၌ အစ္စရေးဗုံးကြဲသဖြင့် ‌ေ-သဆုံးသူ ၄၀,၀၀၀ အထိရှိလာ

0
438
Boys walk on dry bricks to traverse a puddle of sewage water past mounds of trash and rubble along a street in the Jabalia camp for Palestinian refugees in the northern Gaza Strip on August 14, 2024 amid the ongoing conflict in the Palestinian territory between Israel and Hamas. (Photo by Omar AL-QATTAA / AFP)

ဒိုဟာ၊ဩဂုတ် ၁၆

အစ္စရေးနှင့်ဟားမတ်စ်တို့၏ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းမှုသည် အလားအလာကောင်းကြောင်း အမေရိကဘက်မှပြောကြားခဲ့သော်လည်း ဂါဇာ၌ အစ္စရေး၏ဗုံးကြဲကြောင့် ‌ေ-သဆုံးသူမှာ ၄၀,၀၀၅ ဦး အထိရှိလာပြီဖြစ်ကြောင်းသိရသည်။

ယမန်နှစ်အောက်တိုဘာ ၇ ရက်က ဟားမတ်စ်အဖွဲ့က အစ္စရေးဘက်သို့စတင်တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာရသော အဆိုပါစစ်ပွဲသည် အစ္စရေး၏တုန့်ပြန်မှုများ‌ကြောင့် ဆယ်လကျော်ကာလအတွင်း ဂါဇာကိုအလုံးစုံနီးပါးပျက်စီးစေခဲ့သည်။

အခြားတစ်ဖက်တွင်လည်း နှစ်ဘက်အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေးအကောင်အထည်ဖော်နိုင်ရန် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များက ကြားဝင်စေ့စပ်ပေးလျက်ရှိပြီး ယခုတွေ့ဆုံမှုကို ကာတာနိုင်ငံ ဒိုဟာမြို့၌ပြုလုပ်ကာ အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ ဒါရိုက်တာလည်းပါဝင်မည်ဟုသိရသည်။

နှစ်ဘက်အနေဖြင့် အကြိမ်ကြိမ်ညှိနှိုင်းမှုများပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်အထိ အပစ်အခတ်ရပ်စဲရေး ကို တစ်ကြိမ်သာ အကောင်အထည်ဖော်နိုင်သေးသည်။

အဆိုပါအပစ်အခတ်ရပ်စဲရေးကာလအတွင်း ဟားမတ်စ်တို့က ထိန်းချုပ်ထားသည့် အစ္စရေးဓ&ါးစာခံ ၁၀၅ ဦးကိုပြန်လွှတ်ပေးခဲ့ပြီး အစ္စရေးလက်ထဲ၌ ထိန်းသိမ်းခံထားရသည့် ပါလက်စတိုင်းအကျဉ်းသား ၂၄၀ လည်း ပြန်လွတ်လာခဲ့သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here