မြန်မာ့လက်‌ရွေးစင်အသင်း နည်းပြဟောင်းတစ်ဦးကို လာအိုဘောလုံးအဖွဲ့ချုပ်က နည်းပြချုပ်ရာထူး ခန့်အပ်

0
451

မြန်မာ့လက်‌ရွေးစင်အသင်း နည်းပြဟောင်းတစ်ဦးဖြစ်သူ ကိုရီးယားလူမျိုးနည်းပြ Ha Hyeokjun ကို လာအို ဘောလုံးအဖွဲ့ချုပ်က နည်းပြချုပ်ရာထူးခန့်အပ်လိုက်ကြောင်း သိရသည်။

၎င်းသည် ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ မြန်မာ့လက်ရွေးစင်အသင်းနှင့် မြန်မာယူ-၂၃ အသင်းတို့အား နာမည်ကျော်နည်းပြ ပတ်ဆောင်ဟွာနှင့် အတူတွဲဖက်ပြီး လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးသူ တစ်ဦးဖြစ်သည်။

Ha Hyeokjun တာဝန်ယူကိုင်တွယ်မည့် လာအိုအသင်းနှင့် မြန်မာအသင်းတို့မှာ လာမည့် ၂၀၂၄ အာဆီယံမစ်ဆူဘီရှီဖလားပြိုင်ပွဲတွင်လည်း တစ်အုပ်စုတည်း ကျရောက်နေသည်။

လက်ရှိတွင် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် မိုင်ကယ်ဖိုင်တန်ဘိုင်နားမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ နှစ်ဘက်သဘောတူညီမှုအရ လမ်းခွဲလိုက်ပြီဖြစ်ကာ နည်းပြကင်းမဲ့နေသည်။

လတ်တလောသတင်းများအရ မြန်မာလက်ရွေးစင်အသင်းကို ဂျပန်လူမျိုးနည်းပြတစ်ဦး တာဝန်ယူကိုင်တွယ်ဖွယ်ရှိနေဟု သတင်းများထွက်ပေါ်နေသော်လည်း အဖွဲ့ချုပ်က နည်းပြချုပ်ရာထူးအတွက် တရားဝင်အသိပေးထုတ်ပြန်ထားခြင်းမရှိသေးပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here