ရန်ကုန်တိုင်းရင်းသားကျေးရွာတွင် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား ကျင်းပ

0
75

ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာ(လက်ချည်ပွဲ) အခမ်းအနားကို ယနေ့ သြဂုတ် (၁၇) ရက်တွင် ရန်ကုန်တိုင်း၊သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို နစက အကြံပေးအဖွဲ့ မှ တာဝန်ရှိသူ၊ ဝန်ကြီးဌာန တာဝန်ရှိသူများ၊ တိုင်းရင်းသားရေးဝန်ကြီး၊ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများအပါ အဝင် မြို့နယ်အသီးသီးမှ ကရင်တိုင်းရင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် ပဲခူးရိုးမတောင်ပေါ်ဒေသနေ ကရင်လူမျိုးများ၏ ကရင်ရိုးရာအိုးစည်အကများ၊ ကရင်ရိုးရာဒုံးအကများ၊ ကရင်ရိုးရာဝါးညှပ်အကများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ချည်ဖြူဖွဲ့မင်္ဂလာကို ဆက်လက်ပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟို အကြံပေးအဖွဲ့ခေါင်းဆောင်၊ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကို ချည်ဖြူဖွဲ့ပေးခဲ့သည်။

ထို့နောက် ဖိတ်ကြားထားသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဧည့်သည််များ၊အခြားဧည့်သည်များ၊ကရင်စာပေသင် ဆရာ၊ ဆရာများကို ချည်ဖြူဖွဲ့ပေးခဲ့သလို တက်ရောက်လာသည့် ပြည်သူများကိုလည်း ချည်ဖြူဖွဲ့ပေးခဲ့ကြောင်း သိရသည်။

ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာသည် ကရင်အမျိုးသားများ၏ ရိုးရာဓလေ့ဖြစ်ပြီး ကရင်အမျိုးသားစည်းလုံးညီညွတ်ရေး၊ တစ်မျိုးသားလုံး၏ လူမှုဘဝတိုးတက်ရေး၊ ကရင့်ယဉ်ကျေးမှု ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေးတွင် ပိုမိုစုစည်းညီညွှတ်စေနိုင်သည့်၊ အင်အား ပိုမိုခိုင်မာစေနိုင်သည့် ရိုးရာယဉ်ကျေးမှု တစ်ခုလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here