နှမ်းမျိုးစုံဈေး စံချိန်တင်မြင့်တက်လာ

0
249

ပို့ကုန်သမားများနှင့် ပြည်တွင်းဆီစက်များ ဝယ်ယူမှုကောင်းနေခြင်းကြောင့်နှမ်းမျိုးစုံဈေး စံချိန်တင်မြင့်တက်လာကြောင်း နှမ်းကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းမှစတင်ကာ နှမ်းမျိုးစုံဈေးတဖြည်းဖြည်း မြင့်တက်လာပြီး နှမ်းနက်(စမုန်) တစ်အိတ်လျှင် ငွေကျပ် ၆၈၀၀၀၀ ကျော်ထိ စံချိန်တင်ပေါက်ဈေးဖြစ်လာကြောင်း သိရသည်။

ဩဂုတ် (၁၅) ရက်တွင် နှမ်းနက်နှင့် နှမ်းဖြူတို့ကို ပြည်ပဝယ်ယူမှုများရှိနေပြီး အက်ဆစ်လွတ်နှမ်းများ ဈေးကောင်းရရှိနေပြီး ဆောင်းနှမ်းလက်ကျန် ဈေးကွက်ထဲ နည်းလာပြီး နွေနှမ်းများ အရောင်းအဝယ်ကောင်းနေကြောင်း သိရသည်။

ဇူလိုင်လအတွင်းက နှမ်းထွက်ရှိရာ ဒေသအချို့တွင် ရေနှစ်မြုပ်မှုများကြောင့် နှမ်းစိုက်ဧကများ ပျက်စီးမှုရှိခဲ့ပြီး အထွက်နှုန်းလျော့နိုင်ခြင်းကြောင့် နှမ်းဈေးမြင့်တက်လာခြင်းဖြစ်သည်။

မန္တလေးဈေးကွက်၌ ဩဂုတ်လ (၁၅) ရက်တွင် နှမ်းနက် (စမုန်) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၆၀၀၀၀၀ – ၆၈၀၀၀၀ ကြား၊ နှမ်းဖြူ(ဂျပန်)သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၄၇၀၀၀၀ – ၄၇၅၀၀၀၊ နှမ်းညိုသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀ – ၃၉၀၀၀၀ ပေါက်ဈေးရှိနေပြီး နှမ်းအမျိုးအစားအလိုက် ယခင်လထက် တစ်အိတ်လျှင် ငွေကျပ် ၆၀၀၀၀ ကျော် ဈေး မြင့်တက်လာကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here