မန္တလေးတိရိစ္ဆာန် ဥယျဉ်ရှေ့တွင် ရေသန့်ပို့သည့် ယာဉ်တစ်စီး အရှိန်လွန်ကာ သစ်ပင်တိုက်မိသည့်အတွက် ယာဉ်မောင်း ထိခိုက်ဒဏ်ရာများရ

0
73

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ တိရိစ္ဆာန်ဥယျဉ်ရှေ့တွင် ရေသန့်ပို့ဆောင်ယာဉ် တစ်စီး အရှိန်လွန်ကာ သစ်ပင် ဝင်တိုက်မှုဖြစ်ပွာခဲ့ပြီး ယာဉ်မောင်း အမျိုးသား (၁) ဦး ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း အနီးနားဝန်းကျင်ရှိ ဒေသခံများနှင့် နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

ယနေ့ သြဂုတ် (၁၇)ရက်၊ နံနက် (၈)နာရီ (၄၀)မိနစ်အချိန်က (၁၂) လမ်း၊ (၇၂)လမ်းနှင့် (၇၃)လမ်းကြား တိရိစ္ဆာန်ဥယျဉ်ရှေ့တွင် ရေသန့်ပို့ဆောင်ယာဉ်တစ်စီး အရှိန်လွန်၍ လမ်းလယ်ပလက်ဖောင်းပေါ်ရောက်ရှိကာ သစ်ပင်ကို တိုက်မိမှုဖြစ်ပွားကြောင်း သတင်းအရ နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့မှ သွားရောက် ကူညီခဲ့ကြောင်း သိရသည်။

“မန္တလေးမှာက သဲတင်ကားတို့ ရေသန့်ကားတို့လိုပေါ့နော်။ ကားတွေက မောင်းတာအရှိန်ပြင်းတယ်။ ဆိုင်ကယ်နဲ့ တိုက်လိုက်၊ အိုးဝေနဲ့ တိုက်လိုက် လူ‌‌ေ-သဆုံးရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်။ အခုတော့ ရေသန့်ကားလည်း တော်တော် ပျက်စီးပြီး လူလည်းဆေးရုံပို့လိုက်ရတယ်။ သစ်ပင်တောင် ကျွတ်ထွက်တာတွေ့လိုက်တယ်။”ဟု အနီးနားဝန်းကျင်ရှိ မန္တလေးမြို့ ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ယာဉ်မောင်း အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ရာ လိုအပ်သည့် ရှေးဦးဆေးကုသပြုစုပေး၍ နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့ လူနာတင်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here