ရန်ကုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုထပ်မံခွင့်ပြု

0
267

ရန်ကုန်တိုင်းအတွင်း စက်မှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမည့် ကန်ဒေါ်လာ ၀ ဒသမ ၆၀၀ သန်းတန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုကို ခွင့်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီထံမှ သိရသည်။

အဆိုပါ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းမှာ ရန်ကုန်တိုင်းအတွင်း၌ CMP စနစ်ဖြင့် လုပ်ဆောင်မည့် အထည်ချုပ်လုပ်ငန်းဖြစ်သည်။

မြန်မာနိုင်ငံတွင်၂၀၂၄ ခုနှစ် ဇွန်လကုန်အထိ ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း (၅၃) ခု ရှိသည့်အနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ၊ ဒေသများသည် စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စီးပွားရေးကဏ္ဍ (၁၂) ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများအနေဖြင့် စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၄၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၄၁ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၄၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီး ရင်းနှီးမြှုပ်နှံထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here