ယခု ဘဏ္ဍာနှစ်အတွင်း ဓာတ်မြေဩဇာတန်ချိန် ၁ သန်းခွဲ တင်သွင်းနိုင်ရေးလျာထား

0
244

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၆ သန်း တင်သွင်းနိုင်ရေး သတ်မှတ်လျာထားကြောင်း ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူး ရောင်းချရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောသည်။

အဆိုပါကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် (၁၅) ရက်ကရုံးအမှတ် (၁၆) အစည်းအဝေးခန်းမ၌ ကျင်းပစဉ် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ သတ်မှတ်လျာထားရာ ၂၀၂၄ ခုနှစ် ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင် (၄)လအတွက် သွင်းအားစုများ တင်သွင်းသည့်ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင်ရရှိရေး ထောက်ခံပေးထားကြောင်း မြေဩဇာတန်ချိန် ၉၅၃၁၇၉ ဒသမ ၆၄ တန်နှင့် ပိုးသတ်ဆေးတန်ချိန် ၁၃၁၇၄ ဒသမ ၅၄ တန် ရှိပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကုမ္ပဏီများ၏ တင်ပြချက်အရ ၂၀၂၄ ခုနှစ် ဇူလိုင် (၂၂) ရက် အထိ ဓာတ်မြေဩဇာအတွက် လိုင်စင်ရပြီးတန်ချိန် ၆ ဒသမ ၁ သိန်းအနက် တင်သွင်းပြီးတန်ချိန် ၄ ဒသမ ၃၄ သိန်းကျော်ရှိကြောင်း၊ တင်သွင်းရန်ကျန် လိုင်စင်ရထားသည့် အသင်းဝင်ကုမ္ပဏီများမှ အချိန်မီတင်သွင်းနိုင်ရေး စိစစ်ကြပ်မတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။

ယခင်လ ဦးဆောင်ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ပို့ကုန်ရငွေ Export Earning အထောက်အထားပြနိုင်သည့် ကုမ္ပဏီများ သွင်းကုန်လိုင်စင်ရရှိရေးနှင့်အသင်းမှ တင်ပြချက်ဖြစ်သော တင်သွင်းမှုလျော့နည်းလာပါက ဓာတ်မြေဩဇာများ လိုအပ်ချက်ရှိလာပြီး တရားမဝင်ဈေးကွက်များ ဖြစ်ပေါ်ကြုံတွေ့လာနိုင်သည့်အတွက် လစဉ်လိုအပ် ချက်အတိုင်း တင်သွင်းနိုင်ခြင်းမရှိပါက ပို့ကုန်ရငွေဖြင့် ဆောင်ရွက်နိုင်သည့် ကုမ္ပဏီများကို ဦးစားပေးထောက်ခံသင့်ကြောင်း အကြံပြုတင်ပြထား၍ ဝိုင်းဝန်း ဆွေးနွေးကြစေလိုကြောင်း ဆက်လက်ပြောဆိုသည်။

ထို့ကြောင့် ထုတ်ပြန်ပြီးသော ရည်ညွှန်းဈေးနှုန်းများမှာ ယခု ဩဂုတ် (၁၅) ရက်တွင် သတ်မှတ်ကာလပြည့်ပြီ ဖြစ်သည့် အတွက် ဈေးနှုန်း ထပ်မံသတ်မှတ်နိုင်ရေး ဆွေးနွေးပေးကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

ဇူလိုင်လအတွင်း မိုးရွာသွန်းမှုများကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သော မြို့နယ်များအား ရေကျသည့်အခါ ပြန်လည် စိုက်ပျိုးနိုင်ရေး မြေဩဇာ အသင်းဝင်ကုမ္ပဏီများက လို အပ်သည့်ဓာတ်မြေဩဇာကို သက်သာသောဈေးနှုန်းဖြင့် ပံ့ပိုးပေးမည်ဖြစ်ပြီး ယူရီးယားတစ်အိတ်ကိုငွေကျပ် (၇၃၀၀၀) နှုန်း၊ (၁၅) ပတ်လည် ကွန်ပေါင်းတစ်အိတ်ကို ငွေကျပ် (၁၁၅၀၀၀) နှုန်းဖြင့် ရောင်းချပေးမည်ဖြစ် သိရသည်။

ထို့နောက် ဦးဆောင်ကော်မတီ အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ (၃)လအတွက် ကုမ္ပဏီအလိုက်တင်သွင်းမည့် မြေဩဇာ/ ပိုးသတ် ဆေးတန်ချိန်များ အတည်ပြု မှတ်တမ်းတင်ရန်နှင့် မြန်မာနို င်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက အသင်းဝင်ကုမ္ပဏီများ၏ ရည်ညွှန်းဈေးအတိုင်း ရောင်းချနိုင်ရေး ကြီးကြပ်ဆောင်ရွက်နေမှု၊ ဖြန့် ဖြူးရောင်းချမှုများကို ရှင်းလင်းတင်ပြကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here