ရွှေတိဂုံစေတီတွင် ဝါခေါင်လပြည့် အခမ်းအနား ကျင်းပမည်

0
98

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဝါခေါင်လပြည့်နေ့၌ ဝါခေါင်လပြည့်နေ့ အခမ်းအနား ကျင်းပမည်ဖြစ်ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

ဩဂုတ် (၁၉) ရက်တွင် ကျင်းပမည့် အဆိုပါ အခမ်းအနားတွင် မေတ္တာအခါတော်နေ့ အခမ်းအနား၊ အသံမစဲမေတ္တာပို့ အောင်ပွဲအခမ်းအနားနှင့် ပန်းစေတီလှည့်လည်ကပ်လှူပူဇော်ပွဲများ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ထို့ပြင် ရွှေတိဂုံစေတီတော် ဧည့်ခံတန်ဆောင်း၌ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ဆွမ်းတော်ကြီးတင် အခမ်းအနား ဆောင်ရွက်မည်ဖြစ်ကာ အသံမစဲ မေတ္တာပို့ အောင်ပွဲအခမ်းအနား၊ ပန်းပေါင်း ၈၄၀၀၀ ပါဝင်သည့် ပန်းစေတီငါးဆူ လှည့်လည် ကပ်လှူပူဇော်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုနည်းတူ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းမှာ သီလခံယူဆောက်တည်ခြင်း၊ ရေစက်သွန်းချ အမျှပေးဝေခြင်း၊ နေ့ဆွမ်းဆက်ကပ်ခြင်းများ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

ရွှေတိဂုံစေတီ တော်ကို ဝါဆိုလပြည့်နေ့မှ စတင်ကာ သီတင်းကျွတ်လပြည့်နေ့အထိ လပြည့်၊ လကွယ်နှင့် ကြားရက် ဥပုသ်နေ့များမှာလည်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများက ဘုရားဖူးလာပြည်သူများကို သီလပေးတရားများ ဟောကြားပေးနေသလို စိတ်အေးချမ်းသာစွာ ဖူးမြှော်နိုင်ရန် ဇွန်လ (၂၁) ရက်ကစတင်၍ မနက် (၄) နာရီမှ ည (၁၀) နာရီအထိ အချိန်တိုးမြှင့် ဖွင့်လှစ်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here