ဗိုလ်ချုပ်ပန်းခြံ၊ နဂါးကျွန်းအနီးတွင် ရေန-စ် ေ-သဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလော-င်းတွေ့ရှိ

0
259

ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ်ပန်းခြံ၊ နဂါးကျွန်းအနီး ရေထဲတွင် ရေန-စ် ေ-သဆုံးနေသည့် အမျိုးသမီး (၁)ဦး ရုပ်အလေ-ာင်းတွေ့ရှိခဲ့ရာ ဆယ်ယူပြီး ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ဖြစ်စဉ်ကို သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေး အသင်းများထံမှ သိရသည်။

ယမန်နေ့ သြဂုတ် (၁၇) ရက်၊ နေ့လယ်ပိုင်းက နဂါးကျွန်းအနီး ရေထဲတွင် ရေန-စ် ေ-သဆုံးနေသည့် အမျိုးသမီး (၁)ဦး ရုပ်အလေ-ာင်းပေါ်နေသဖြင့် လာရောက်ဆယ်ယူရန် ဒီဃာယုက လူမူကူညီရေးအသင်းသို့ ဖုန်းဆက် အကြောင်းကြားချက်အရ သွားရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရုပ်အလော-င်းတွေ့ရှိမှုကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဗဟန်းမြို့မ ရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားကာ လိုအပ်သည်များ လုပ်ဆောင်ပြီး ရုပ်အလော-င်းကို ဒီဃာယုက လူမူကူညီရေးအသင်းမှ ဆယ်ယူကာ ရင်ဘက်တူလူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ရေန-စ် ေ-သဆုံးခဲ့သည့် အမျိုးသမီးမှာ စိတ်ကျရောဂါကဲ့ သို့ ခံစားနေရသူဖြစ်ကြောင်းနှင့် အလုပ်သင်ဆရာဝန် တစ်ဦးဖြစ်သည်ကို ၎င်း၏ ဖခင်ရောက်ရှိလာမှသာ သိရှိရကြောင်း၊ မည်သည့် အချိန်တွင် ခုန်ချသွားသည်ကို မသိရှိရဘဲ အလောင်းပေါ်မှသာ သိရှိ၍ ဆယ်ယူကာ လိုအပ်သည်များ ကူညီပေးခဲ့ကြကြောင်း လူမှုကူညီရေးအသင်းများက ဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here