ရစ်ခ်တာစကေး ၇ ရှိသော ငလျင် ရုရှားအရှေ့ဖျား၌လှုပ်ခတ်ခဲ့

0
153

ခမ်ချက်ခ၊ဩဂုတ် ၁၈

ဩဂုတ်လ ၁၈ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီအစောပိုင်း၌ ရုရှားနိုင်ငံအရှေ့ဘက်စွန်း ခမ်ချက်ခညကျွန်းဆွယ်၏ကမ်းလွန်တွင် ရစ်ခ်တာစကေး ၇ အဆင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်းဒေသဆိုင်ရာ မြေငလျင်စောင့်ကြည့်ရေးဌာန မှသိရသည်။

ဒေသတွင်းအရေးပေါ်ဝန်ကြီးဌာနကမူ မြို့တော် ပီတရာပါဝို့စ်ခမ်ချက်ခ အပါအဝင် ကမ်းရိုးတန်းတစ်လျှောက်၌ လှုပ်ခတ်မှုများခံစားခဲ့ရကြောင်းပြောကြားခဲ့သည်။ အဆိုပါငလျင်သည် ပီတရာပါဝို့စ်ခမ်ချက်ခ အရှေ့ဘက် ကီလိုမီတာ ၉၀ ခန့်အကွာတွင်လှုပ်ခတ်ခဲ့ခြင်းလည်းဖြစ်သည်။

အမေရိကန်နိုင်ငံဆူနာမီသတိပေးချက်စင်တာကမူ အဆိုပါငလျင်နှင့်ပတ်သက်၍ ကနဦးဆူနာမီသတိပေးချက်ကို ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင်ပြန်လည်ရုတ်သိမ်းသွားခဲ့သည်။ သို့သော် ရုရှားမိုးလေဝသဌာနကမူ ဆူနာမီသတိပေးချက် ကို ထုတ်ပြန်ခြင်းမရှိခဲ့ပေ။

ကနဦးလှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်များထပ်မံလှုပ်ခတ်ခဲ့သေးသော်လည်း ပြင်းထန်မှုမရှိခဲ့ကြောင်းသိရှိရသည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here