တက်စ်လာ ဆိုက်ဘာထရပ်ကို စက်‌ေ-သနတ်တပ်ပြီး သုံးမည်– ချေချင်းညာ

0
317

ရုရှားနိုင်ငံ၏ ချေချင်းညာဒေသခေါင်းဆောင် ရမ်ဇမ် ကာဒီရော့ဗ်သည် အမိုးတွင်စက်‌ေ-သနတ်တပ်ဆင်ထားသော တက်စလာ(TSLA.O) ဆိုက်ဘာထရပ်ကို ကိုယ်တိုင်မောင်းနှင်ပြသည့် ဗီဒီယိုဖိုင်တစ်ခုကို စနေနေ့တွင် လွှင့်တင်ခဲ့ပြီး ယင်းထရပ်ကို ယူကရိန်းစစ်ပွဲဇုန်သို့ ပေးပိုသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

လွန်ကဲသည့် စတန့်ထွင်မှုများဖြင့် လူသိများသော ကာဒီရော့ဗ်က ဆိုက်ဘာထရပ်နှင့် တက်စလာမော်တားစ် အမှုဆောင်အရာရှိချုပ် အယ်လွန်မတ်စ်တို့ကို တယ်လီဂရမ်တွင် ချီးကျူးပြောဆိုခဲ့ပြီး မတ်စ်ကို “ခေတ်သစ်၏ သြဇာအကြီးဆုံး ပါရမီရှင်” ဟု ခေါ်တွင်ခဲ့ကာ ချေချင်းညာဒေသသို့ လာရောက်ရန် ဖိတ်ခေါ်သွားခဲ့သည်။

“ငါတို့ရဲ့ အထူးစစ်ဆင်ရေးကို ပြီးမြောက်အောင် ကူညီပေးမယ့် မင်းရဲ့ အနာဂတ်ထုတ်ကုန်သစ်တွေကို စောင့်မျှော်နေပါတယ်” ဟုလည်း ရုရှား၏ ယူကရိန်းစစ်ပွဲကို ဖော်ညွှန်းသည့် တရားဝင်အသုံးအနှုန်းကို သုံးကာ ကာဒီရော့ဗ်က ရေးသားခဲ့သည်။

ကာဒီရော့ဗ်၏ ရေးသားချက်များနှင့် ပတ်သက်၍မူ တက်စလာဘက်က လတ်တလော၌ တုန့်ပြန်မှတ်ချက်ပေးခြင်း မရှိသေးကြောင်း သိရသည်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here