တာချီလိတ်တွင် ငွေကျပ် (၃၁၂၄) သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
241

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ နေအိမ်တစ်အိမ်အား မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ ငွေကျပ် (၃၁၂၄) သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(ပြင်)၊ သံလွင်လမ်းနေ အိုက်ကျန်(ခ)အစိမ်၏ နေအိမ်အား သြဂုတ် (၁၇) ရက်၊ နေ့လယ် (၃)နာရီအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ နေအိမ်အတွင်းမှ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် (၃၈.၉၅) ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၁၁၆ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀၀) ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈ သိန်း) နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ အိုက်ကျန်(ခ)အစိမ် (၂၈)နှစ်အား ဟောင်လိတ်နယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here