တုကီယေးတစ်ဝန်း တောမီးများ ထိန်းချုပ်ရန် မီးသတ်က ကြိုးပမ်းနေ

0
266
This photograph shows a helicopter dousing water to fight a forest fire in Turkey's western province of Izmir on August 17, 2024. - Firefighters are battling a strong forest fire in the Aegean resort city of Izmir for a third day, on August 17, 2024, with hundreds more people evacuated overnight. (Photo by Yasin AKGUL / AFP)

အန်ကာရာ၊ဩဂုတ် ၁၈

သြဂုတ်လ ၁၇ ရက်နေ့၌ တုကီ‌ယေးပြည်နယ်ငါးခုရှိ တောမီးလောင်ကျွမ်းမှုအများကို ထိန်းချုပ်နိုင်ရန် မီးသတ်သမားများက ငြှိမ်းသတ်နေကြောင်း သစ်တောဝန်ကြီးက ပြောကြားခဲ့ပြီးနောက် ယခုအခါ အနောက်ပိုင်း Izmir ဒေသတွင် မီးလောင်ကျွမ်းမှုသည် အနည်းငယ်သက်သာသွားခဲ့ပြီး လူနေရပ်ကွက်များမူ အန္တရာယ်မရှိတော့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ Izmir ဒေသ၌ မီးလောင်ကျွမ်းမှုဖြစ်ရခြင်းမှာ သစ်တောဧရိယာနားတွင် လူသုံးဦး ပျော်ပွဲစားထွက်လာရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟုလည်း သစ်တောရေးရာဝန်ကြီးကပြောကြားခဲ့သည်။

“အခုချိန်မှာ မီးအားကတော့ လျော့ကျသွားလို့ လောလောဆယ် လူနေရပ်ကွက်တွေအတွက် အန္တရာယ်မရှိတော့ပါဘူး” ဟုလည်းဆိုခဲ့ပြီးမြေပြင်မှ သွားလာရန်ခက်ခဲသော ချိုင့်ဝှမ်းအတွင်း မီးဆက်လက်လောင်ကျွမ်းခဲ့ကြောင်းလည်းပြောကြားခဲ့သည်။

“သောကြာနေ့ကတော့ မီးက‌လူနေဧရိယာနဲ့ စက်ရုံအလုပ်ရုံတွေဆီနီးကပ်လာခဲ့ပါတယ်၊အဲ့ဒီတောမီး‌ကြောင့်ပဲ ၁၆ အိမ်မီးဘေးသင့်ပြီး လုပ်ငန်းခွင်အခုသုံးဆယ် မီးထဲပါသွားပါတယ်” ဟုလည်းဆိုသည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here