အိန္ဒိယနိုင်ငံအပါအဝင် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများနှင့် Digital Health လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လိုဟု ဒေါက်တာသက်ခိုင်ဝင်းပြော

0
380

ဩဂုတ် (၁၇)ရက်တွင် 3rd voice of Global South Summit ညီလာခံကို “An Empo-wered Global South for a Sustainable Future” ခေါင်းစဉ်ဖြင့်ကျင်းပရာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မစ္စတာနာရင်ဒရာမိုဒီ Shri Narendra Modi တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး အဆိုပါညီလာခံ၏ ကျန်းမာရေးဝန်ကြီးများ ဆွေးနွေးပွဲကို “One World- One Health ” ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက Video Conferencing စနစ်ဖြင့် တက်ရောက်၍ အမှာစကားပြောကြားစဉ် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက မိမိတို့အနေဖြင့် အိန္ဒိယနိုင်ငံအပါအဝင် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများနှင့် Digital Health လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့်လည်း အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်လျက်ရှိပြီး အစားအသောက်ကွင်းဆက်တစ်ခုလုံး ထုတ်လုပ်မှုမှသည် စားသုံးသည်အထိ ဘေးကင်းလုံခြုံရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

မိမိတို့နိုင်ငံများ၌ ရှေးနှစ်ပေါင်းများစွာကတည်းက ကျန်းမာရေးစောင့်ရှောက်မှုတွင် တိုင်းရင်းဆေးပညာ၏ အခန်းကဏ္ဍကို ချန်ထားခဲ့၍မရကြောင်း၊ တိုင်းရင်းဆေးပညာ ဦး စီးဌာနနှင့် တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) တို့အနေဖြင့် ဆေးဖက်ဝင်တိုင်းရင်းဆေးပင်များ ထိန်းသိမ်းခြင်း၊ အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ တိုင်းရင်းဆေးပညာရပ်နှင့်ပတ်သက်၍ အတွေ့အကြုံဗဟုသုတ ဖလှယ်ခြင်းများကို ဆောင်ရွက်လျက်ရှိပြီး မိတ်ဖက်နိုင်ငံများနှင့်လည်း ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် မကြာမီ ကာလအတွင်း World Health Organization SETPS survey အား တစ်နိုင်ငံလုံးတွင် ဆောင်ရွက်ရန် စီစဉ်လျက်ရှိပြီး ကျန်းမာသောလူနေမှုဘဝပုံစံ မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ ပြည်သူလူထုအား ကျန်းမာရေးအသိပညာဖြန့်ဝေခြင်း၊ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ခြင်းတို့အား ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ “One World, One Health” ခေါင်းစဉ်ဖြင့် မိမိတို့ ပြည်သူအားလုံးအတွက် ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရန် မိမိတို့အတူတကွတာဝန်ယူပူးပေါင်း ဆောင်ရွက်သင့်ကြောင်းလည်း ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံ၊ လာအိုနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ SCO အဖွဲ့ဝင်နိုင်ငံများ၊ အာဖရိကနိုင်ငံများ၊ ပစိဖိတ်ကျွန်းစုနိုင်ငံများ စုစုပေါ င်း (၁၅) နိုင်ငံမှ ကျန်းမာရေးဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများတက်ရောက်၍ အမှာစကားများပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အတူ တာဝန်ရှိပုဂ္ဂိုလ်များက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here