မိုဘိုင်းငွေပေးချေမှုစနစ်ဖြင့် ကျောင်းလခများပေးသွင်းနိုင်ရေး ယခုပညာသင်နှစ်တွင် စတင်နိုင်ရန် စီစဉ်နေ

0
91

ယခု ၂၀၂၄ -၂၀၂၅ ပညာနှစ်တွင် မိုဘိုင်းငွေပေးချေမှုစနစ်ဖြင့် ကျောင်းလခများပေးသွင်းနိုင်ရေးစတင်နိုင်ရန် စီစဉ်နေကြောင်း ပညာ‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောသည်။

ဩဂုတ် (၁၇) ရက်က ရန်ကုန်အဝေးသင်တက္ကသိုလ်သို့ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဝေးသင်ပညာရေးသင်တန်းများကို နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ် (၄၂) ခုတွင် ဖွင့်လှစ်ပို့ချ သင်ကြားလျက်ရှိကြောင်း၊ အဝေးသင်ပညာရေးသင်ကြားသင်ယူမှု၊ စာမေးပွဲစစ်ဆေးမှုများ၌ One campus Two systems စနစ်ကို ကျင့်သုံးလျက်ရှိရာအားသာချက်၊ အားနည်းချက်များ ဝိုင်းဝန်းဆွေးနွေးအကြံပြုကြစေလိုကြောင်းလည်း ဒုတိယဝန်ကြီးက ဆိုသည်။

အွန်လိုင်းဘွဲ့ကြို ၊ ဘွဲ့လွန်သင်တန်းများလည်း စနစ်တကျ စီစဉ်ကြီးကြပ်ဆောင်ရွက်ပါက ထိရောက်အောင်မြင်သဖြင့် အားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အဝေးသင်တက္ကသိုလ် ကျောင်းသားကျောင်းသူများ အမှန်တကယ်စာတတ်မြောက်အောင် သင်ကြားပေးရန်လိုအပ်ကြောင်းလည်း ၎င်းကဆိုသည်။

ထို့နောက် ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခများက တက္ကသိုလ်တွင်ဖွင့်လှစ်ပို့ချလျက်ရှိသည့် အွန်လိုင်းသင်တန်းများနှင့်စပ်လျဉ်း၍တင်ပြကာ အဝေးသင်ပညာရေး တိုးတက်ရေးကိစ္စရပ်များကို အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here