တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ဖိလစ်ပိုင် သင်္ဘော ၂ စင်းတိုက်မိ

0
204

အနောက်ဖိလစ်ပိုင်ပင်လယ်ရေပြင်ရှိ အငြင်းပွား သောင်ခုံကျွန်းတစ်ခုအနီး တနင်္လာနေ့(သြဂုတ် ၁၉) က ထိပ်တိုက်တွေ့မှုအတွင်း တရုတ်နှင့် ဖိလစ်ပိုင်သင်္ဘောများ တိုက်မိခဲ့သည်ဟု တရုတ်ကမ်းရိုးတန်းစောင့်တပ်ကို ကိုးကား၍ တရုတ်အစိုးရ မီဒီယာက ဖော်ပြသည်။

“တရုတ်ဘက်က အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် ဖိလစ်ပိုင်သင်္ဘော ၄၄၁၀ ဟာ တရုတ်သင်္ဘော ၂၁၅၅၁ ကို ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်ခဲ့ပါတယ်” ဟု တရုတ်ကမ်းရိုးတန်းစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ Geng Yu က ပြောဆိုကြောင်း စီစီတီဗီက ဖော်ပြခဲ့သည်။

မကြာခင်လများအတွင်း တရုတ်နှင့် ဖိလစ်ပိုင်တို့သည် အနောက်ဖိလစ်ပိုင်ပင်လယ်တွင် ထိပ်တိုက်တွေ့မှုများ အကြိမ်ကြိမ်ဖြစ်ပွားနေခဲ့သည်။ ယင်းတွင် Second Thomas သောင်ခုံကျွန်းပေါ်၌ မနီလာက နှစ်များစွာကတည်းက ချထားသည့် စစ်သင်္ဘောဝန်းကျင် တစ်ဝိုက်ထိပ်တိုက်တွေ့မှုများလည်း ပါဝင်သည်။

“ဖိလစ်ပိုင် ကမ်းရိုးတန်းစောင့်တပ် သင်္ဘောတွေဟာ တရုတ်အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ Nansha ကျွန်းစု Xianbin သန္တာကျောက်တန်းအနီး ရေပြင်ကို တရားမဝင် ဝင်ရောက်ခဲ့ပါတယ်” ဟု စပရက်တလေကျွန်းစုနှင့် ဆာဘီနာ သောင်ခုံကျွန်းတို့ကို တရုတ်အမည်များအသုံးပြုကာ စီစီတီဗီက ဖော်ပြခဲ့သည်။

ယင်းအတွက် တရုတ်ကမ်းရိုးတန်းစောင့်တပ်က ဖိလစ်ပိုင်သင်္ဘောများကို ဥပဒေနှင့်အညီ ထိန်းချုပ်ရေးအစီအမံများကို ဆောင်ရွက်ခဲ့သည်ဟုလည်း ဆက်လက် ဖော်ပြခဲ့သည်။

ဖိလစ်ပိုင်သင်္ဘောများသည် အန္တရာယ်ရှိသောပုံစံ ကို ပြုမူခဲ့မှုကြောင့် ရုတ်တရက် ဝင်တိုက်မှုဖြစ်ခဲ့သည်ဟု ဆိုသည်။ ပိုင်နက် ချိုးဖောက်မှုနှင့် ရန်လိုမှုများ ကို ချက်ချင်းရပ်တန့်ရန် ဖိလစ်ပိုင်ဘက်ကို မိမိတို့ ပြင်းပြင်းထန်ထန်သတိပေးခဲ့ကြောင်း Geng က ပြောဆိုသည်ဟုလည်း သတင်းတွင်ဖော်ပြခဲ့သည်။

အဆိုပါအဖြစ်အပျက်သည် ဒေသစံတော်ချိန် နံနက် လင်းအားကြီး အချိန်ဖြစ်သော ၃း၂၄ နာရီတွင် ဖြစ်ခဲ့ခြင်းဟု တရုတ်အစိုးရပိုင် ရှင်းဟွာသတင်းဋ္ဌာနက ဖော်ပြခဲ့သည်။

Ref: Inquirer.Net


LEAVE A REPLY

Please enter your comment!
Please enter your name here