ပြည် – ရန်ကုန် လမ်းမ၊ နဝဒေးတံတားအောက်တွင် အိမ်စီးကားလမ်းချော်ကာ ပက်လက်လန် တိမ်းမှော-က်

0
113

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ ပြည်မြို့၊ ပြည် – ရန်ကုန်လမ်းမ၊ နဝဒေးတံတားအောက်တွင် အိမ်စီးကားတစ်စီး လမ်းချော်ကာ ပက်လက်လန် တိမ်းမှေ-ာက်ခဲ့သည့်ဖြစ်စဥ်ဖြစ်ပွားခဲ့ကြောင်း ပြည်မြို့ ဒေသခံများနှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ သိရသည်။

သြဂုတ် (၁၈) ရက်၊ ည (၈)နာရီ အချိန်ခန့်က ပြည်မြို့၊ နဝဒေးတံတားအောက်တွင် အိမ်စီးကားတစ်စီး လမ်းချော်၍ ဓာတ်တိုင်နှင့် ဝင်ရောက်တိုက်မိကာ ယာဉ်တိမ်းမှော-က်မှုဖြစ်ပွား၍ အရေးပေါ် လာရောက် ကူညီပေးပါရန် ဆက်သွယ်အကြောင်းကြားသဖြင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်) သွားရောက် ကူညီခဲ့ကြောင်း သိရသည်။

“လမ်းချော်ပြီး ဓါတ်တိုင်ကို တိုက်မိတယ်။ ကားက လုံးဝပက်လက်လန်တိမ်းမှော-က်သွားတာပေါ့။ တော်သေးတယ်။ လူကို မထိခိုက်လို့၊ ကားကို ကရိန်းနဲ့ ဆွဲတင်မပြီး ပြန်တည့်မတ်ခဲ့ရတယ်”ဟု ဖြစ်စဉ် အနီးနား ဝန်းကျင်ရှိ ပြည်မြို့ ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိမ်းမှော-က်မှုကြောင့် ထိခိုက်ဒဏ်ရာရ လူနာမရှိဘဲ ဘေးကင်းပြီး ယာဉ်ကို ကရိန်းဖြင့် ဆွဲတင်တည့်မတ်ကာ ကျန်ရှိ လုပ်ငန်းစဉ်များအား မြန်မာနိုင်ငံ လူမှုကယ်ဆ ယ်ရေးအဖွဲ့(ပြည်) ပူးပေါင်းကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here