လက်ရွေးစင် ဘောလုံးသမား သီဟဇော် ဝင်ရောက်ကစားနေသည့် နဂါဝေါအသင်း အဆင့်(၃)နေရာတွင် ရပ်တည်နေ

0
69

ဘောလုံး ဖြတ်ထုတ်စဉ် ပြိုင်ဘက်ကစားသမား ဦးခေါင်းကို ကန်မိသည့် သီဟဇော် အဝါကတ်တစ်ကြိမ်ပြခံထားရ

ကမ္ဘောဒီးယား ပရီးမီးယားလိဂ်၏ ရာသီအစ ပွဲစဉ်အတွင်း မြန်မာ့ လက်ရွေးစင် ဘောလုံးသမား သီဟဇော် ဝင်ရောက်ကစားနေသည့် နဂါဝေါအသင်းက ရမှတ်(၆)မှတ်ဖြင့် အဆင့်(၃)နေရာတွင် ရပ်တည်လျှက်ရှိကြောင်း သိရသည်။

ယမန်နေ့ ဩဂုတ်(၁၈)ရက် ပွဲစဉ်အတွင်း ကမ္ဘောဒီးယား၏ နာမည်ကြီး ကလပ်အသင်းတစ်သင်းဖြစ်သည့် ဗီဆက်ဟာအသင်းနှင့် နဂါဝေါအသင်းတို့ ထိပ်တိုက်တွေ့ဆုံကြရာ နဂါဝေါအသင်းက (၁)ဂိုးသွင်းယူ၍ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါ ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်ကစားသမား သီဟဇော်မှာ အဓိကကစားသမားအဖြစ် ပွဲထွက်ခွင့်ရရှိခဲ့သော်လည်း ပွဲချိန် (၃၄) မိနစ်တွင် ဗီဆက်ဟာအသင်း၏ နောက်ခံလူမှ ခေါင်းတိုက်ဖြတ်ထုတ်ရှင်းလင်းခဲ့သည့်အပေါ်  ဦးခေါင်းအား ကန်မိခဲ့ပြီး အဝါကတ်ပြားပြသခံခဲ့ရသည်။

ဒုတိယပိုင်း ပွဲချိန်အတွင်း သီဟဇော်အားလူစားလဲလှယ်ခဲ့ရပြီး ပွဲစဉ်အတွင်း အနိုင်ဂိုးအား ဂျပန်တိုက်စစ်မှူး ဟူဂိုကမဲတနီ (Hugo Kametani) မှ သွင်းယူပေးခဲ့ကာ ပွဲစဉ်အပြီးတွင် ၎င်းမှာ အကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးခဲ့ရရှိခဲ့သည်။

နဂါဝေါအသင်းအနေဖြင့် ကမ္ဘောဒီးယား ပရီးမီးယားလိဂ်၏ ရာသီအစ ပွဲစဉ်အတွင်း (၂)ပွဲကစား (၂)အနိုင်ရရှိထားသည်။

သီဟဇော်သည် ကမ္ဘောဒီးယားပရီးမီးယားလိဂ်၏ ရာသီအစ ပွဲဦးထွက် ပွဲစဉ်အတွင်း ကီရီဗရွန်စွန်ဆန်ချေး (Kiri vong Soksenchey FC) အသင်းအား သွင်းဂိုးတစ်ဂိုးသွင်းယူခဲ့ကာ အကောင်းဆုံးကစားသမားဆုကိုပါ ဆွတ်ခူးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here