ယခုရက်ပိုင်းများအတွင်း အမျိုးသမီးငယ်များ အပါအဝင် လူပျောက်မှုများ များလာ

0
569

ယခုရက်ပိုင်းအတွင်း၌ အမျိုးသမီးငယ်များအပါအဝင် လူငယ်များ ပျောက်ဆုံးနေသည့် ဖြစ်ရပ်များ ခပ်စိပ်စိပ်ကြုံလာရကြောင်း လူမှုကွန်ရက်သုံးစွဲသူများထံမှ သိရသည်။

လူပျောက်ကြော်ငြာများကို လူမှုကွန်ရက်သုံးစွဲသူများကြားတွင် ပြန်လည်မျှဝေ၍ ဖော်ပြမှုများရှိနေပြီး အသွားအလာဆင်ခြင် သတိပြုနိုင်ရန်အတွက် အသိပေးမှုများလည်း ရှိလာနေသည်။

ပေါ်ပြူလာနယူးစ်မှ စုံစမ်းသိရှိရမှုအရ ဩဂုတ်လတစ်လတည်းတွင်၌ပင် ရန်ကုန်မြို့၌ အမျိုးသမီးငယ်များအပါဝင် (၁၁) ဦး ပျောက်ဆုံးနေသည်။

လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာများ၌ ပျောက်ဆုံးနေသူအချို့၏ မိသားစုဆွေမျိုးများက ပျောက်ဆုံးနေသူများ၏ သတင်းအချက်အလက်နှင့် ပံ့ပိုးကူညီမှုများကို ရှာဖွေရန်အတွက် ကူညီပေးနိုင်ပါရန် အကူညီတောင်းခံနေကြရသည်။

ဩဂုတ်လ (၁၂)ရက်က ရန်ကုန်မြို့လယ် Junction City ၌ အင်္ကျီသွားဝယ်စဉ် ပြန်ရောက်မလာတော့သည့် အသက် (၂၁) နှစ်အရွယ် အမျိုးသမီးငယ်နှင့် ပတ်သက်၍လည်း မိဘများနှင့် သူငယ်ချင်းဖြစ်သူက လူမှုကွန်ရက်တွင် အသိပေးဖော်ပြထားသည်။

ထိုနည်းတူ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၁၈)ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကလည်း အဋ္ဌမတန်းကျောင်းသူတစ်ဦး သြဂုတ် (၈) ရက်က ပျောက်ဆုံးသွားသည့်အကြောင်းကို လူမှုကွန်ရက်တွင် အသိပေးဖော်ပြခဲ့ကာ ပြန်လည်တွေ့ရှိပြီဟု လတ်တလော သိထားရသည်။

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းအနီးတွင် သြဂုတ် (၉) ရက်က ပျောက်ဆုံးသွားသည့် သက်ကြီးပိုင်းအ ရွယ် အမျိုးသားတစ်ဦးနှင့်ပတ်သက်၍ ညီမဖြစ်သူက လူမှုကွန်ရက်တွင် ဖော်ပြခဲ့ပြီးနောက် နာရီပိုင်းအတွင်း ပြန်လည်တွေ့ရှိခဲ့သော်လည်း အခြားသော ပျောက်ဆုံးနေသူများမှာ ပြန်တွေ့ရှိခြင်းမျိုး မရှိသေးဘဲ (၆)လကျော်လောက် ကြာမြင့်သည်အထိ ပြန်တွေ့ခြင်း မရှိသူများလည်း ရှိနေကြော င်း ကာယကံရှင်မိသားစုများထံမှ သိရှိရသည်

ပြီးခဲ့သော ဖေဖော်ဝါရီလအတွင်းကမူ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာ၌ က_လေ-းငယ်တစ်ဦးပျော က်ဆုံးပြီး ရက်ပိုင်းအတွင်း အိမ်နှင့်အနည်းငယ်ဝေးသည့် ကန်အတွင်း ‌ေ-သဆုံးနေသော ရုပ်အလေ-ာင်းကို ပြန်လည်တွေ့ရှိရသည့် ဖြစ်ရပ်မှာလည်း လူမှုကွန်ရက်ပေါ် တွင် ထင်ရှားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here