ချမ်းအေးသာစံမြိုနယ်၌ Online အသုံးပြု ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူ တရုတ်နိုင်ငံသား (၄) ဦးနှင့် မြန်မာနိုင်ငံသား (၁၇) ဦးကို ဖမ်းဆီး

0
149

ဩဂုတ်(၁၈)ရက်၊ ညနေ (၄)နာရီခွဲတွင်မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ (၂၇) လမ်း၊ (၆၅) လမ်းနှင့် (၆၆) လမ်းကြားရှိ ဒေါ်စန္ဒာ (၅၈) နှစ် (ဘ) ဦးစန်းမောင်၏ နေအိမ်၌ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ ပူးပေါင်းကာ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေစစ်ဆေးခဲ့ရာ နေအိမ်အတွင်း Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူ Yanlong (၂၈) နှစ်ပါ တရုတ်နိုင်ငံသား အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၁) ဦး၊ မြန်မာနိုင်ငံသား ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်၊ ထွမ်ဆန်းရွာနေ ရဲမြင့် (၂၀)နှစ် (ဘ) ဦးယောက်စွတ်ပါ အမျိုးသား (၁၀) ဦးနှင့် အမျိုးသမီး (၆) ဦးအား တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် နေအိမ်ပိုင်ရှင်ဖြစ်သူ ဒေါ်စန္ဒာတို့အား Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းပြုလုပ်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ (၄) စုံ၊ Laptop (၂) လုံး၊ 5BB Broad Band တံဆိပ်ပါ Wifi စက် (၁) လုံး၊ Ruijie Regee တံဆိပ်ပါ Wifi ထပ်ဆင့်လွှင့်စက် (၃)လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား (၄) ဦးနှင့် မြန်မာနိုင်ငံသား (၁၇) ဦးကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၃) နယ်မြေရဲစခန်း၌ အီလက်ထရောနစ် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၃ (က) / ၃၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here