ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီးတွင် ဝပ် (၈၂၀၀၀) ထွက် ဆိုလာချပ်များတပ်ဆင်

0
98

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးတွင် (၂၄)နာရီလျှပ်စစ်မီး ပူဇော်ရန် ဝပ် (၈၂၀၀၀)ထွက်ရှိသည့် ဆိုလာထိန်းချုပ်ခန်း နှင့်ဆိုလာချပ်များ တပ်ဆင်ထားရှိကြောင်း သိရသည်။

ဆိုလာတပ်ဆင်နိုင်ရေး အလှူငွေပေးအပ်ပွဲနှင့် ဆိုလာတပ်ဆင်ပြီးမြောက်မှု ရေစက်ချမင်္ဂလာ အခမ်းအနားကို သြဂုတ်လ (၁၉) ရက်၊ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးရှိ ပုညရှင်သာသနာ့ ဗိမာန်တော်ကြီးတွင် ကျင်းပသည်။

ဆိုလာတပ်ဆင်နိုင်ရေး အလှူငွေပေးအပ်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အလှူရှင်များက စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံ အလှူငွေကျပ်(၂၁၆၃) သိန်းကျပ်အား ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အခန်းအနားတွင် ပင့်သံဃာ ဆရာတော်ကြီးများနှင့် ဧည့်ပရိသတ်များက “နမောတဿ”သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး နိုင်ငံတော်သြဝါဒါစရိယ၊ စစ်ကိုင်းမြို့၊ ခေမာသီဝံကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဓန္တ ပညာသီရိ ဆရာတော်ကြီးထံမှ (၅)ပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး သံဃနာယကအဖွဲ့(ရွှေကျင်)ဥက္ကဋ္ဌ၊ စစ်ကိုင်းမြို့၊ ရတနာဓူဝံ ပရိယတ္တိစာသင်တိုက်ကြီး ဦးစီးပဓာနနာယက၊ အဂ္ဂ မဟာပဏ္ဍိတ ဘဒ္ဒန္တဇောတိက ဆရာတော်ကြီးထံမှ အနုမော ဒနာတရား နာယူကြည်ညိုကြသည်။

ဆက်လက်၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃) ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။  


LEAVE A REPLY

Please enter your comment!
Please enter your name here