ဆန္ဒပြသူထောင်နှင့်ချီ၍ ချီကာဂိုရှိ ဒီမိုကရက်တစ်ပါတီညီလာခံကျင်းပရာနေရာသို့ ချီတက်လာ

0
149

အမေရိကန်ပြည်ထောင်စု လက်ရှိ အာဏာရ ဒီမိုကရက်တစ်ပါတီ၏ အမျိုးသားညီလာခံကို ကျင်းပနေသည့် United Center မိုးလုံလေလုံ အားကစားကွင်းဆီသို့ ဆန္ဒပြသူ ထောင်နှင့်ချီ၍ ချီတက်လာကြကြောင်း ယင်းနေရာရှိ သတင်းထောက်များက ပြောကြားခဲ့သည်။

အဆိုပါ ချီတက်ပွဲသည် ပါလက်စတိုင်းကို ထောက်ခံပြီး အစ္စရေးသို့ အမေရိကန်၏ စစ်ရေးအကူအညီ ထပ်မံပေးခြင်းကို ဆန့်ကျင်သည်။ ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ် ရပ်စဲရေးနှင့် စစ်အသုံးစရိတ် ဖြတ်တောက်ရေးတို့ကို ဆန္ဒပြသူများက တောင်းဆိုနေကြသည်။

ဆန္ဒပြသူများသည် United Center အနီးရှိ ပန်းခြံတစ်ခုတွင် စုဝေးခဲ့ကြသည်။ လွန်ခဲ့သည့် နှစ်နာရီအတွင်း ၎င်းတို့၏ အရေအတွက်သည် ရာဂဏန်းမှသည် လူပေါင်း ၁၅၀၀၀ အထိသို့ တိုးလာခဲ့ကြသည်။

ဆန္ဒပြသူများသည် United Center မိုးလုံလေလုံ အားကစားကွင်းတစ်ဝိုက်ရှိ သတ္တုခြံစည်းရိုးတိုင်များကို ချိုးခဲ့ကြကြောင်း သိရသည်။ အပိုင်းပိုင်းကျိုးသွားသည့် ခြံစည်းရိုးတစ်လျှောက် အထူးကိရိယာများပါသည့် ရဲအရာရှိ ဒါဇင်များစွာကို တန်းစီထားသည်။ ဆန္ဒပြသူများနှင့် ရဲများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း ယခုအချိန်အထိ မရှိသေးချေ။

သို့ရာတွင် ရဲအရာရှိများက ဆန္ဒပြသူများကို ခြံစည်းရိုးပျက်စီးသည့်နေရာမှ အနည်းဆုံး မီတာ ၂၀ အကွာသို့ နောက်ဆုတ်ခိုင်းခဲ့ပြီး ယင်းအမိန့်ကို မလိုက်နာသည် ဆန္ဒပြသူများ ဖမ်းဆီးခံခဲ့ရသည်။ မည်သူမျှ ထိခိုက်မှုမရှိကြောင်း မြို့တော်ရဲမှူး Larry Snelling က ပြောကြားခဲ့သည်။

ယခုကဲ့သို့ ဆန္ဒပြခြင်းကို March ဆိုသည့် အဖွဲ့အစည်းတစ်ခုက စီစဉ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ စစ်ဆန့်ကျင်ရေး၊ လူ့အခွင့်အရေး၊ လက်ဝဲဝါဒီ၊ ပါလက်စတိုင်းလိုလားသူ၊ အလုပ်သမားလိုလားသူနှင့် ရွှေ့ပြောင်းနေထိုင်သူများကို လိုလားသော အဖွဲ့အစည်းများ အပါအဝင် မတူညီသော အဖွဲ့အစည်းများစွာ ပူးပေါင်း ပါဝင်ခဲ့ကြခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here