အစ္စရေးက အပစ်အခတ်ရပ်စဲရေးကိုလက်ခံသဖြင့် ဟားမတ်စ်ကလည်းလက်ခံစေလို–ဘလင်ကန်

0
245
US Secretary of State Antony Blinken speaks to members of the press at David Kempinski Hotel in Tel Aviv on August 19, 2024. - Blinken on August 19 urged Israel and Hamas not to derail negotiations that he said may be a "last opportunity" to secure a Gaza truce and hostage release deal. (Photo by Kevin MOHATT / POOL / AFP)

တယ်လဗီ၊ဩဂုတ် ၂၀

ဂါဇာကမ်းမြောင်ဒေသ၌ အပစ်အခတ်ရပ်စဲရေးနှင့် ဓ-ါးစာခံများကို ပြန်လွှတ်ပေးရေးတွင် ကွာဟ နေသောသဘောထားကွဲလွဲမှုများကို ကျဥ်း‌
‌‌မြောင်းစေအောင်ပြင်ဆင်ထားသော အဆိုပြုချက်ကိို အစ္စရေး က လက်ခံလိုက်ပြီဖြစ်သဖြင့် ဟားမတ်စ်တို့ ကလည်း လက်ခံစေလိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့သည်။

အစ္စရေးနှင့်ဟားမတ်စ်တို့ အကြား အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးအကောင်အထည်မဖော်နိုင်ပါက ခေါင်းဆောင်နှစ်ဦးဆုံးရှုံးထားသည့် အီရန်နှင့်လက်ဘနွန်မှဟစ်ဇ်ဘိုလာတို့က လက်စားချေရန်ကြိမ်းဝါးထားရာ အနှောင့်အယှက်ဖြစ်လာနိုင်ပြီး ဒေသတွင်းစစ်မီးပိုကြီးသွားနိုင်သဖြင့် မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်နေကြခြင်းလည်းဖြစ်သည်။

မစ္စတာဘလင်ကန်သည် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုနှင့် ၂ နာရီခန့်တွေ့ဆုံပြီးနောက် အီဂျစ်နှင့်ကာတာသို့သွားရောက်ပြီး နောက်ထပ်စေ့စပ်ညှိနှိုင်းမှုများကို ပြုလုပ်သွားမည်ဖြစ်သည်။

ကြားဝင်ဖျန်ဖြေသူ ၎င်းတို့သုံးနိုင်ငံသည် ဂါဇာ၌ စစ်ပွဲကိုအဆုံးသတ်ရန် လပေါင်းများစွာကြိုးပမ်းခဲ့သော်လည်း ဆွေးနွေးပွဲများသည် အကြိမ်ကြိမ်ရပ်တန့်နေခဲ့သည်။

အစ္စရေးနှင့်ဟားမတ်စ်တို့အကြားစစ်ပွဲသည် ယမန်နှစ် အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ် တို့က စတင်တိုက်ခိုက်ရာမှဖြစ်ပေါ်ခဲ့ရပြီး အစ္စရေး၏လက်တုန့်ပြန်မှုကြောင့်လည်း ဂါဇာဒေသခံပေါင်း ၄၀,၀၀၀ ကျော်‌ေ-သဆုံးခဲ့ပြီးဟုသိရသည်။

Source : အေပီ


LEAVE A REPLY

Please enter your comment!
Please enter your name here