တောင်တရုတ်ပင်လယ်အငြင်းပွားမှု ကန် စွက်ဖက်ပိုင်ခွင့်မရှိ–တရုတ်

0
368

ပေကျင်း၊ဩဂုတ် ၂၀

တရုတ်နှင့်ဖိလစ်ပိုင်အကြားဖြစ်ပွားနေသည့် တောင်တရုတ်ပင်လယ်အငြင်းပွားမှုနှင့်ပတ်သက်၍ အမေရိကအနေဖြင့် ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိကြောင်း တရုတ်နိုင်ငံက သတိပေးစကားပြောကြားခဲ့သည်။

တရုတ်နှင့်ဖိလစ်ပိုင်တို့သည် တောင်တရုတ်ပင်လယ်တွင်း ရေပိုင်နက်အငြင်းပွားမှုနှင့်ပတ်သက်၍ မကြာခဏဆိုသလို ကတောက်ကဆဖြစ်လေ့ရှိသောနိုင်ငံများဖြစ်ပြီး တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းကပိုင်ဆိုင်ကြောင်းအခိုင်အမာပြောကြားခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း တရုတ်နှင့်ဖိလစ်ပိုင်တို့၏ကမ်းခြေစောင့်သင်္ဘောများတိုက်မိခဲ့သေးကြောင်း နှစ်နိုင်ငံလုံးက တနင်္လာနေ့တွင်ပြောကြားခဲ့သေးသည်။အဆိုပါဖြစ်စဉ်အပြီး၌ အမေရိက က တရုတ်နိုင်ငံကို ရှုံ့ချခဲ့သဖြင့် တရုတ်ဘက်ကတုန့်ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

“အမေရိကဟာ တောင်တရုတ်ပင်လယ်နဲ့ဆိုင်တဲ့နိုင်ငံမဟုတ်တဲ့အတွက် တရုတ်နဲ့ဖိလစ်ပိုင်ကြားရေပိုင်နက်အငြင်းပွားမှုတွေမှာ ကြားဝင်စွက်ဖက်ပိုင်ခွင့်မရှိပါဘူး” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး မော်နင်ကပြောကြားခဲ့သည်။

“အမေရိကအနေနဲ့ တောင်တရုတ်ပင်လယ်မှာ ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်လာအောင် လှုံ့ဆော်နေတာမျိုးတွေရပ်တန့်သင့်ပြီး ဒေသတွင်းတင်းမာမှုတွေတိုးမလာအောင်လုပ်ဆောင်သင့်ပါတယ်” ဟုလည်း ၄င်းက ေပြာသည်။

Source : အေအက်ဖ်ပီ/ဒီဝိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here