ပေတုံတန်ရှင်နာဝပ်ထရာကို စင်္ကာပူဝန်ကြီးချုပ်ဂုဏ်ပြု

0
246
Thai Prime Minister Paetongtarn Shinawatra, known by her nickname "Ung Ing" and daughter of former prime minister Thaksin Shinawatra, speaks during a press conference after the royal endorsement ceremony appointing her as the new Prime Minister of Thailand, in Bangkok on August 18, 2024. (Photo by Chanakarn LAOSARAKHAM / AFP)

စင်္ကာပူ၊ဩဂုတ် ၂၀

စင်္ကာပူဝန်ကြီးချုပ် လော်ရန့်စ်ဝေါင်းသည် ထိုင်းဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည့် ပေတုံတန်ရှင်နာဝပ်ထရာထံစာရေးသားပြီး ဂုဏ်ပြုခဲ့ကြောင်းသိရသည်။

အသက် ၃၇ နှစ်အရွယ်ရှိ မစ္စပေတုံတန်ရှင်နာဝပ်ထရာသည် ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံးအမျိုးသမီးဝန်ကြီးချုပ်တစ်ဦးဖြစ်လာခဲ့ပြီး လွှတ်တော်၌ ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံရပြီးနှစ်ရက်အကြာ ဩဂုတ်လ ၁၈ ရက်နေ့တွင် ဝန်ကြီးချုပ်အဖြစ် ထိုင်းဘုရင်၏တရားဝင်ခန့်အပ်ခြင်းကိုခံခဲ့ရသည်။

မစ္စတာလောရန့်စ်ဝေါင်း၏ ဂုဏ်ပြုစာ၌ မစ္စပေတုံတန်အား ဂုဏ်ပြုစကားဆိုထားသကဲ့သို့ လာမည့်နှစ်တွင်ကျရောက်မည့် ထိုင်းနှင့်စင်္ကာပူတို့၏ နှစ် ၆၀ ပြည့်သံတမန်ဆက်ဆံရေးအကြောင်းကိုလည်း ထည့်သွင်းရေးသားထားသည်။

ယင်းနောက် မစ္စပေတုံတန်နှင့်၎င်း၏ခင်ပွန်းကိုလည်း စင်္ကာပူသို့လာရောက်လည်ပတ်ရန်ဖိတ်ကြားခဲ့ပြီး ၎င်းအနေဖြင့်လည်း ဝန်ကြီးချုပ်သစ်ပေတုံတန်နှင့်မိတ်ဆက်ရန် ထိုင်းနိုင်ငံသို့ အမြန်ဆုံးသွားရောက်မည်ဟုဆိုသည်။

ဝန်ကြီးချုပ်ပြောင်းလဲသွားသော်လည်း စင်္ကာပူနှင့်ထိုင်းနိုင်ငံကြားရှိသံတမန်ဆက်ဆံရေးသည် ယိမ်းယိုင်ပြောင်းလဲသွားမည်မဟုတ်ဘဲ နောက်လာမည့်နှစ်များ၌ပါ ဆက်လက်မြဲမြံနေဦးမည်ဟုယုံကြည်ကြောင်းမစ္စတာဝေါင်းကပြောကြားခဲ့သည်။

မစ္စပေတုံတန်၏စီမံအုပ်ချုပ်မှုအောက်၌ ထိုင်းနိုင်ငံသည် ယခုထက်ပိုမိုပြောင်းလဲတိုးတက်လာဦးမည်ကိုယုံကြည်ကြောင်းကိုလည်း ထပ် လောင်းပြောကြားခဲ့သည်။

Source : စီအင်န်အေ/အက်ဖ်အိတ်ချ်/ဂျီအက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here