ထန်းတပင်မြို့နယ် မြို့မရဲစခန်း အချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းတို့၏ လူ့အခွင့်‌ရေး အခြေအနေ

0
74

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ တရားရုံးအချုပ်ခန်းနှင့် မြို့မရဲစခန်းအချုပ်ခန်းတို့ကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှုစစ်ဆေးကာ စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေး သက်ဆိုင်ရာဌာနများသို့ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သောအဖွဲ့သည် ကော်မရှင် ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ဩဂုတ် (၂၀)ရက်က သွားရောက်စစ်ဆေးကြည့်ရှုခဲ့ခြင်းဖြစ်သည်။

မြို့မရဲစခန်းအချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးစဉ် အချုပ်သားများနှင့် တွေ့ဆုံ၍ ရမန်ကာလနေထိုင်စားသောက်မှု အခြေအနေ၊ အမှုစစ်ဆေးစဉ်ကာလအတွင်း ညှ-င်းပန်းနှိ-ပ်စ-က်ခံရမှု ရှိ / မရှိ၊ မိသားစုနှင့် တွေ့ဆုံနိုင်မှု အခြေအနေများကို မေးမြန်းခဲ့ကြောင်း သိရသည်။ 

ထို့ပြင် တရားရုံးတွင် အမှုရင်ဆိုင်ရန် ရုံးထုတ်ချိန်အတွင်း စားသောက်ရမှု အခြေအနေ၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှု ရှိ / မရှိ၊ အကျိုးဆောင်ရှေ့နေနှင့် တွေ့ဆုံခွင့်ရရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေး သက်ဆိုင်ရာဌာနများသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည် ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here