အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် မြဝတီအမျိုးသမီးအသင်း ယူအေအီးနှင့် ဆော်ဒီ အသင်းတို့နှင့် ခြေစစ်ပွဲ ကစားမည်

0
91

အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် မြဝတီအမျိုးသမီးအသင်း ဝင်ခွင့်ရထားသော်လည်း ခြေစစ်ပွဲအုပ်စုအဆင့်အရ လာအိုအသင်းအပါအဝင် ယူအေအီးနှင့် ဆော်ဒီအသင်းတို့နှင့် ခြေစစ်ပွဲ ကစားရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အသင်းများနှင့် ခြေစစ်ပွဲ ကစားပြီး အုပ်စုထိပ်ဆုံးအသင်းကသာ အာရှအမျိုးသမီး ချန်ပီယံလိဂ်ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

မြဝတီအမျိုးသမီးအသင်းအနေဖြင့် အုပ်စု အဆင့်ခြေစစ်ပွဲတွင် လာအိုကလပ် Young Elephants အသင်း၊ ယူအေအီးကလပ် Abu Dhabi Country Club အသင်း၊ ဆော်ဒီကလပ် Al nassr အသင်းများဖြင့် ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။

ခြေစစ်ပွဲကို အယ်လ်နာဆာအသင်း၏ အိမ်ကွင်း၌ လက်ခံကျင်းပမည်ဖြစ်ပြီး ဩဂုတ်လ (၂၅)ရက်မှ (၃၁)ရက်အထိ ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

ပုံစာ- ခြေစစ်ပွဲအတွက် ချန်ပီယံ မြဝတီအမျိုးသမီးအသင်း လေ့ကျင့်ပြင်ဆင်နေသည့်ပုံရိပ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here