MBC professional Boxing ပြိုင်ပွဲ အနိုင်ရရှိသူများကို WBC ၏ တရားဝင်ဆုတံဆိပ်များ ချီးမြှင့်

0
148

ယမန်နေ့ ဩဂုတ် (၂၀)ရက်က ကျင်းပပြုလုပ်ခဲ့သည့် MBC professional Boxing ပြိုင်ပွဲတွင် အနိုင်ရရှိသူများကို ကမ္ဘာ့ဘောက်ဆင်ကော်မရှင်(WBC)၏ တရားဝင်ဆုတံဆိပ်များကို ချီးမြှင့်ပေးအပ်ခဲ့သည်။

ယမန်နေ့က ပြိုင်ပွဲအတွင်း ရှုံးနိမ့်သွားသူ ကစားသမားများကိုလည်း လာမည့် အောက်တိုဘာလအတွင်း ထပ်မံပြုလုပ်မည့် ပြိုင်ပွဲသို့ ဝင်ရောက်ကစားနိုင်ရန် စိစစ်၍ ပြိုင်ပွဲဝင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာဘောက်ဆင် ကော်မရှင်က ယနေ့တွင် အသိပေးထားသည်။

“ပွဲဦးထွက်မှာ မျှော်လင့်သည်ထက် ပိုမိုအောင်မြင်ခဲ့တဲ့အတွက် လာရောက်အားပေးခဲ့သော ပိရိသတ် တယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ပရိသတ်ရုံပြည့်ရုံလျှံအားပေးရကြိုးနပ်အောင် တစ်ပွဲမှ မပျင်းရလေအောင် အကောင်းဆုံး စွမ်းဆောင်ရည်နဲ့ ကစားသွားကြတဲ့ ကစားသမား ညီငယ်/ညီမငယ်အားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်”ဟု ကော်မရှင်က အသိပေးထားသည်။

ယမန်နေ့ပြိုင်ပွဲတွင် နိုင်ငံဂုဏ်ဆောင် ကစားသမားများ၊ ပြည်နှင့် တိုင်းဆုတံဆိပ်ရှင်များ၊ ရိုးရာကျားများနှင့် လက်စွမ်းထက်နေသော ကစားသမားများ ပါဝင်ပြီး၊ ကွင်းဝင်ကြေးအခမဲ့ သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲတွင် တွဲဆိုင်း(၁၀)ဆိုင်းပါဝင်ပြီး နော်ဥမ္မာစိုးနှင့် အိအိထွေးတို့၏ အမျိုးသမီးတွဲဆိုင်း(၁)ဆိုင်းလည်း ပါဝင်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here