ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသမီးကြီး အသက် ၁၁၇ နှစ်၌ကွယ်လွန်

0
361

စပိန်၊ဩဂုတ် ၂၁

အမေရိက၌မွေးဖွားသည့် စပိန်နိုင်ငံမှ ကမ္ဘာ့အသက်အကြီးဆုံးစာရင်းဝင်အမျိုးသမီးကြီး မာရီယာဘရန်းယက်စ်မိုရီယာသည် အသက် ၁၁၇ နှစ်အရွယ်၌ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ၎င်း၏မိသားစုများထံမှသိရသည်။

ဂင်းနစ်မှတ်တမ်းအရ မစ္စမာရီယာသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် မှတ်တမ်းတင်ခံခဲ့ရပြီး ၎င်း၏ရှေ့တွင် အသက် ၁၁၈ နှစ်အထိရှိခဲ့သည့် ပြင်သစ်နိုင်ငံမှ သီလရှင် ‌ေ-သဆုံးပြီးနောက် မှတ်တမ်းဝင်လာခဲ့ခြင်းဖြစ်သည်။

“မစ္စမာရီယာက ကျွန်မတို့ကိုထားသွားပါပြီ။သူ့ဆန္ဒအတိုင်း အိပ်ပျော်နေရင်းနဲ့ပဲ အေးအေး‌ချမ်းချမ်းနာကျင်မှုမရှိ‌ေ-သဆုံးသွားခဲ့ပါတယ်” ဟု ၎င်း၏မိသားစုက လူမှုကွန်ယက်တွင်ရေးသားခဲ့သည်။

“မစ္စမာရီယာမရှိတော့ပေမဲ့ သူရဲ့အကြံဉာဏ်နဲ့ သူ့ရဲ့ ကြင်နာမှုတွေကိုတော့အမြဲသတိရနေမှာပါ” ဟုလည်း ၎င်း၏မိသားစုဝင်များကပြောကြားခဲ့သည်။

မစ္စမာရီယာက ၎င်းသည် အားနည်းလာနေကြောင်းပြောကြားခဲ့ပြီး အကယ်၍ ‌ေ-သဆုံးသွားပါကလည်း မငိုကြဖို့နှင့် မျက်ရည်များကိုမကြိုက်ကြောင်းမှာကြားခဲ့သည်။

မစ္စမာရီယာ‌ေ-သဆုံးပြီးနောက် ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်မှာ ဂျပန်နိုင်ငံရှိ မစ္စတိုမီကိုအိအုက ဖြစ်ပြီး ၎င်းသည် အသက် ၁၁၆ နှစ်အရွယ်ရှိနေပြီဖြစ်ကြောင်းလည်းသိရသည်။

Source : အေအက်ဖ်ပီ


LEAVE A REPLY

Please enter your comment!
Please enter your name here