ရှုံးပွဲမရှိ အုပ်စုဗိုလ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည့် မြန်မာ ယူ-၁၂ အသင်း

0
64

ယနေ့ ဩဂုတ် (၂၁)ရက် နံနက်ပိုင်းက အုပ်စုနောက်ဆုံးပွဲစဉ်၌ FC Basara Hyogo အသင်းကို မြန်မာ ယူ-၁၂ အသင်းက (၂)ဂိုးသွင်းယူ၍ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စုပထမနေရာတွင် ရပ်တည်နိုင်ခဲ့ပြီဖြစ်သည်။

မြန်မာယူ-၁၂ အသင်းသည် အုပ်စုပွဲစဉ်များအတွင်း (၂)ပွဲနိုင် (၁)ပွဲသရေ၊ ရမှတ် (၇)မှတ်ဖြင့် အုပ်စုဗိုလ်အဖြစ် တဆင့်တက်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် အုပ်စုဗိုလ်အဆင့်တွင် ရောက်ရှိနေသော မြန်မာယူ -၁၂ အသင်းအနေဖြင့် ယနေ့ မွန်းလွဲ(၁၂)နာရီအချိန်တွင် FC Zero အသင်းနှင့် ဆက်လက်ယှဉ်ပြိုင် ကစားသွားခဲ့ရာ (၂)ဂိုး (၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။

မြန်မာယူ -၁၂ အသင်းသည် U -12 Junior Soccer World Challenge အုပ်စု ပွဲစဉ်များတွင် Tozuka Football Club Junior အသင်းကို (၂)ဂိုး (၁)ဂိုး၊ Kashima Antlers Norte အသင်းကို (၁)ဂိုးစီဖြင့် သရေ၊ FC Basara Hyogo အသင်းကို(၂ )ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ကာ အုပ်စု ပထမနေရာမှ (၃၂) သင်းအဆင့်သို့ တက်ရောက်ခဲ့ခြင်းလည်းဖြစ်သည်။

ပုံစာ – ယ‌နေ့ Myanmar U12 အသင်းနှင့် FC Basara Hyo go ပွဲပြီး ပုံရိပ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here