ချေချင်းညာကို ပူတင် ရုတ်တရက်သွားရောက်၍ တပ်ဖွဲ့များကို စစ်ဆေး

0
355
In this pool photograph distributed by Russian state owned Sputnik agency Russia's President Vladimir Putin (L) meets with the head of the Chechen Republic Ramzan Kadyrov in Grozny, on August 20, 2024. (Photo by VYACHESLAV PROKOFYEV / POOL / AFP)

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ ၁၃ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်သော မြောက်ကော့ကေးဆပ် ခရီးစဉ်အတွင်း ပူတင်နှင့် ချေချင်းခေါင်းဆောင် ရမ်ဇမ် ကာဒီရော့ဗ်တို့သည် အင်္ဂါနေ့တွင် တပ်ဖွဲ့ဝင်များနှင့် စေတနာဝန်ထမ်းစစ်သည်များ၏ ယူကရိန်းတိုက်ပွဲအတွက် အသင့်ဖြစ်မှုအနေအထားကို စစ်ဆေးခဲ့သည်ဟု ခရမ်လင်က ထုတ်ပြန်ပြောဆိုသည်။

ရုရှား၏ ကာ့စ်ဒေသကို ကျူးကျော်တိုက်ခိုက်လာသော ယူကရိန်းတပ်များကို မော်စကိုက တိုက်ထုတ်ရန် ကြိုးပမ်းနေချိန်တွင် ရုရှား၏ တစိတ်တပိုင်းဖြစ်သည့် မွတ်ဆလင်အများစုရှိရာ ဒေသသို့ ကြိုတင်ကြေညာထားခြင်းမရှိဘဲ ပူတင်သွားခဲ့ခြင်းဖြစ်သည်။

“မင်းတို့လို လူမျိုး တွေရှိနေသရွေ့ ငါတို့ဟာ လုံး၀ လုံး၀ မကျရှုံးနိုင်ပါဘူး” ဟု ချေချင်းညာဒေသ Gudermes တွင် ဖွင့်လှစ်ထားသော ရုရှားအထူးတပ်ဖွဲ့တက္ကသိုလ် လေ့ကျင့်ရေးသတင်တန်းကျောင်းရှိ စစ်သည်များကို ပူတင်က ပြောဆိုခဲ့ကြောင်း ခရမ်လင်၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့သည်။

ရုရှားတပ်များသည် ယူကရိန်းအရှေ့ပိုင်း ရှေ့တန်းစစ်မြေပြင်များတွင် ပုံမှန်ရှေ့တိုးချီတက်ကာ ၎င်းတို့၏ အရှိန်အဟုန်ကို ဖြည်းဖြည်းချင်းဆက်သွားနေသော်လည်း ရုရှားမြေတွင် နိုင်ငံခြားတပ်များ ဝင်ရောက်ထိန်းချုပ်လာမှုက ပူတင်နှင့် သူ၏ စစ်တပ်အတွင် အရှက်ရစရာဖြစ်စေခဲ့သည်။

လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များဖြင့် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များတွင် အမေရိကန်ပြည်ထောင်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုခံထားရပြီး ယူကရိန်းတိုက်ပွဲအတွက် ချေချင်းတပ်ဖွဲ့များကို စုစည်းပေးနေသော ကာဒီရော့ဗ်က စေတနာဝန်ထမ်း စစ်သည် ၁၉,၀၀၀ အပါအဝင် ယူကရိန်းတိုက်ပွဲစတင်ချိန်ကတည်းက စစ်သည် ၄၇,၀၀၀ ကျော် ပေးပို့ထားခဲ့ကြောင်း အင်္ဂါနေ့က သီးခြားအစည်းအဝေးတစ်ခု၌ ပူတင်ကို ပြောဆိုခဲ့သည်။

ကာဒီရော့ဗ်သည် သူ့ကိုယ်သူ ပူတင်၏ “ခြေလျင်စစ်သည်” အဖြစ် မကြာခဏ ထုတ်ဖော်ပြောလေ့ရှိသူဖြစ်သည်။

Ref: SWI


LEAVE A REPLY

Please enter your comment!
Please enter your name here