ပြည်တွင်းရွှေဈေးနှုန်း ကျဆင်းလာ

0
466

ယခင် ရက်သတ္တပတ်များအထိ အမြင့်ဆုံးသို့ စံချိန်တင် မြင့်တက်ခဲ့သည့် ပြည်တွင်းအခေါက်ရွှေဈေးနှုန်းမှာ ယခုရက်ပိုင်းအတွင်း ပြန်လည်ကျဆင်းလာကြောင်း စုံစမ်းသိရှိရသည်။

ယခုရက်ပိုင်းအတွင်း ပြင်ပဈေးကွက်၌ ဒေါ်လာဈေးနှုန်းအပါအဝင် နိုင်ငံခြားငွေဈေးနှုန်းများ အကျဘက်သို့ ဦးတည်လာသည့်အလျှောက် ရွှေဈေးသည်လည်း (၆)ရက်အတွင်း (၆) သိန်းကျပ်ဝန်းကျင် ပြန်လည်ကျဆင်းလာသည်ကို ဈေးကွက်အတွင်းမှ ဈေးနှုန်းများအရ သိရသည်။

ပြည်တွင်းရွှေဈေးနှုန်းများမှာ ဩဂုတ် (၁၉) ရက်တွင် (၇၇) သိန်း၊ ဩဂုတ် (၂၀) ရက်တွင် (၇၆) သိန်းသို့ တဖြေးဖြေး ပြန်လည် ကျဆင်းခဲ့ရာမှ ဩဂုတ် (၂၁) ရက်တွင် (၇၄) သိန်းကျပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

သို့သော် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း(YGEA) ၏ အကယ်ဒမီ မီးလင်းရွှေ ရည်ညွှန်းဈေးနှုန်းသည် ၄၉၄၈၈၇၆ ကျပ်(ကျပ် လေးဆယ့် ကိုးသိန်း လေးသောင်း ရှစ်ထောင့် ရှစ်ရာခုနှစ်ဆယ့်ခြောက်ကျပ်)သာ ရှိကြောင်း သိရသည်။

ပြင်ပဈေးကွက်အတွင်း၌ အရောင်းအဝယ်ပြုလုပ်နေသည့် ဈေးနှုန်းများမှာ ကြိုက်ရောင်းကြိုက်ဝယ်ဈေးနှုန်းများသာဖြစ်ပြီး တစ်ဆိုင်နှင့် တစ်ဆိုင်၊ နေရာဒေသတစ်ခုနှင့် တူညီမှု မရှိနိုင်သည့်အပြင် ရောင်းမှားဝယ်မှားများဖြစ်ကာ ဆုံးရှုံးမှုများကြုံရနိုင်သည့်အတွက် သတိပြုရောင်းဝယ်ကြရန်သတိပေးမှုများလည်း ရှိနေသည်။

ရန်ကုန်တိုင်း ရွှေအသင်းကမူ ရွှေဆိုင်များ ၊ ရွှေလုပ်ငန်းရှင်‌များအားလုံး အသင်း၏ သတ်မှတ်ဈေးနှုန်းဖြင့်သာ အရောင်းအဝယ်ပြုလုပ်ကြရန် တိုက်တွန်းထားသော်လည်း မည်သည့်ဆိုင်မျှ အသင်း၏ ရည်ညွှန်း‌ဈေးအတိုင်းမ‌ရောင်းကြဘဲ ဈေးတင်ရောင်းချကြဘဲ ဈေးခွာရောင်းချခြင်း၊ အလျှော့တွက်များ အဆမတန်တောင်းယူခြင်းများ လုပ်ဆောင်မှုများ ရှိနေကြောင်း ရွှေဝယ်ယူသူများထံမှ ပြန်လည် သိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here