မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်စဉ် နှစ်နိုင်ငံချစ်ကြည်ရေး၊ အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အင်တိုက်အားတိုက် မြှင့်တင်သွားမည်ဟု တရုတ်သံအမတ် ပြောကြား

0
147

ယနေ့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia က နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ သံအမတ်ခန့်အပ်လွှာလာရောက် အပ်နှံစဉ် ထိုသို့ကတိပြုပြောကြားခဲ့ခြင်းဖြစ် သည်။

သံအမတ်ခန့်အပ်လွှာ လာရောက်အပ်နှံစဉ်တွင် သူမက ကနဦးအနေဖြင့် တရုတ် သမ္မတရှီကျင့်ဖျင်နှင့် ဝန်ကြီးချုပ် Mr. Li Qiang တို့၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်သလိုက်သည့် စကားများကို တစ်ဆင့်ပြောကြားပေးခဲ့သည်။

ထို့အပြင် (၂၀) ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးတွင် ပြုပြင်ပြောင်းလဲမှု ဘက်စုံနက်ရှိုင်းစေရေးနှင့် တရုတ်ပုံစံခေတ်မီမှုကို မြှင့်တင်ဆောင်ရွက်သွားရန် ဆုံးဖြတ်ချက်သည် တရုတ်-မြန်မာနှစ်နိုင်ငံအပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးနှင့် အတူတကွဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရန်အတွက် အခွင့်အလမ်းများစွာ သယ်ဆောင်လာပေးမည်ဖြစ်ကြောင်းဆိုသည်။

တဆက်တည်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးသည့်မူဝါဒကို မမှိတ်မသုန် မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ မြန်မာနှင့် တရုတ် ချိတ်ဆက်မှုများတိုးမြှင့်ပြီး သမ္မတရှီကျင့်ဖျင်၏ ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော သဘောတူညီမှုရလဒ်များကို အတူတကွအကောင်အထည်ဖော်ကာ တရုတ်-မြန်မာ အေးအတူ ပူအမျှအသိုက်အဝန်းကို အတူတကွတည်ဆောက်သွားရန် ကြိုဆိုပါကြောင်းဆိုသည်။

မြန်မာနိုင်ငံဘက်မှလည်း မြန်မာနိုင်ငံရှိတရုတ်စီမံကိန်းနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးကို လက်တွေ့ကျကျထိန်းသိမ်းကာကွယ်ပေး၍ နှစ်ဦးနှစ်ဖက်ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုအတွက် ဘေးကင်းသောပတ်ဝန်းကျင် ဖန်တီးပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here