ရွှေညောင်မြို့နယ်တွင် ငွေကျပ်သိန်း (၂၃၀၀)ကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

0
348

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့နယ်တွင် အမျိုသား တစ်ဦးမှ TOYOTA CALDINA ယာဉ်ဖြင့် သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ် (၂၃၇၉) သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ရွှေညောင်မြို့နယ်၊ တောင်လေးလုံး ကျေးရွာအနီးတွင် သြဂုတ်(၁၉) ရက်၊ ည(၆)နာရီခွဲအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ သက်သေများနှင့်အတူ တောင်ကြီးမြို့ဘက်မှ အောင်ပန်းမြို့ဘက်သို့ ဇော်ဦး(ခ)သက်ဟိန်း မောင်းနှင်လာသည့် TOYOTA CALDINA အမျိုးအစား မော်တော် ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါးများ ဖြစ်သည့် ကက်တမင်း အလေးချိန် ၇.၄ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၇၄၀)၊ Happy Water အလေးချိန် ၁.၄၉ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၆၃၉ သိန်း)နှင့် လက်ကိုင်ဖုန်း (၁)လုံးတို့ တွေ့ရှိသိမ်းဆည်းရမိခဲ့သကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ဇော်ဦး(ခ)သက်ဟိန်း (၃၄)နှစ်အား ရွှေညောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here