ယူကရိန်းမသွားခင် အိန္ဒိယဝန်ကြီးချုပ်က ငြိမ်းချမ်းရေးတောင်းဆို

0
198

နူးဒေလီ၊ဩဂုတ် ၂၁

အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီသည် ယူကရိန်းသို့မသွားရောက်မီ ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်ရန်တောင်းဆိုခဲ့ကြောင်းသိရသည်။မိုဒီသည် ယူကရိန်းသို့မသွားမီ ပိုလန်သို့ပထမဆုံးသွားရောက်မည်ဖြစ်ကြောင်းလည်းသိရသည်။

“မိတ်ဖက်နိုင်ငံတစ်နိုင်ငံအနေနဲ့ အိန္ဒိယဘက်က ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုအကောင်အထည်ဖော်နိုင်ဖို့မျှော်လင့်ပါတယ်” ဟုလည်း မစ္စတာမိုဒီက ၎င်း၏လူမှုကွန်ရက်တွင်ရေးသားခဲ့သည်။

အိန္ဒိယသည် ရုရှားနှင့် မိတ်ဖက်ဆက်ဆံရေးအား ထိန်းသိမ်းလုပ်ဆောင်နေသကဲ့သို့ တရုတ်နိုင်ငံ၏ ဒေသတွင်းအင်အားကြီးမားလာမှုအတွက်လည်း အနောက်အုပ်စုများနှင့် သင့်တင့်လျောက်ပတ်စွာဆက်ဆံနေခြင်းဖြင့် မျှတသောဆက်ဆံရေးကိုထိန်းသိမ်းထားသည့်နိုင်ငံလည်းဖြစ်သည်။

မိုဒီဦးဆောင်သော အစိုးရသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ယူကရိန်းသို့ ရုရှား၏ကျူးကျော်မှုကို ပြတ်သားစွာရှုံ့ချခြင်းမျိုးမရှိခဲ့ဘဲ နှစ်ဖက်စလုံးကို ၎င်းတို့၏ ကွဲလွဲမှုများကို ဆွေးနွေးခြင်းဖြင့်သာအဖြေရှာရန်တိုက်တွန်းခဲ့သည်။

မစ္စတာမိုဒီသည် ရုရှား – ယူကရိန်းအရေးစတင်ချိန်ကတည်းက ယူကရိန်းသို့ ပထမဆုံးအကြိမ်လာရောက်လည်ပတ်ခြင်းဖြစ်ပြီး လက်ရှိဖြစ်ပွားနေသော ပဋိပက္ခအားငြိမ်းချမ်းစွာဖြေရှင်းရေးဆိုင်ရာအမြင်များနှင့် အိန္ဒိယ – ယူကရိန်း ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်လာစေရန်လည်း ယူကရိန်းသမ္မတနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here