ကလောမြို့နယ်၊ လွယ်အံကျေးရွာအနီးတွင် ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်ရာ ယာဉ်ပေါ်ပါ အမျိုးသား(၂) ဦး ထိခိုက်ဒဏ်ရာများရ

0
88

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်၊ လွယ်အံကျေးရွာအနီး မိုင်တိုင်အမှတ်(၇၆/၂)နှင့်(၇၆/၃)ကြားတွင် ဆီဘော က်ဆာယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းနှင့် ယာဉ်အကူတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဒီဇယ်ဆီများလည်း ယိုဖိတ်ခဲ့ကြောင်း မီသတ်တပ်ဖွဲ့နှင့် နာရေးကူညီမှုအသင်း(အောင်ပန်း)တို့မှ သိရသည်။

ယမန်နေ့ သြဂုတ် (၂၁) ရက်၊ နံနက် (၁၁)နာရီခွဲအချိန်ခန့်က အဆိုပါ နေရာတွင် ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ကလောမြို့နယ်မီးသတ်စခ န်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ အောင်ပန်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးလောင်မှုမဖြစ်ပွားစေရေး အအေးပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“အဲဒီ ယာဉ်တိမ်းမှောက်လို့ သယ်ဆောင်လာတဲ့ ဒီဇယ်ဆီတွေလည်း ယိုဖိတ်ခဲ့တယ်။ ယာဉ်မောင်းနဲ့ ယာဉ်အကူတို့လည်း ဒဏ်ရာရသွားပြီး လူနာနှစ်ယောက်မှာ တစ်ယောက်က လက်အရိုးကျိုးသွားတယ်။”ဟု အခင်းဖြစ်ရပ်ကို မြင်တွေ့ခဲ့ရသူ တစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ထိခိုဏ်ရာရခဲ့များအား နာရေးကူညီမှုအသင်း(အောင်ပန်း)ယာဉ်ဖြင့် အောင်ပန်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here