ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ဝင်ရောက်ဖြေရှင်းပေးမှုကြောင့် မြန်မာအလုပ်သမား (၇၀၀)ကျော်လုပ်အားခ (၂) လစာရရှိမည်

0
96

ထိုင်းနိုင်ငံ၊ ပါကျင်ဘူရီခရိုင်၊ စရီမဟာဖိုထိမြို့နယ်၊ ဟွာဝါ့ကျေးရွာ၊ အမှတ် (၁၃) ရပ်ကွက်တွင်ရှိသည့် ဆောက်လုပ်ရေးဆိုက်တစ်ခုတွင်မြန်မာအလုပ်သမား (၇၀၀) ကျော်သည် နှစ်လစာလုပ်အားခမရရှိသည့်အတွက် ဆန္ဒပြမှုဖြစ်ပေါ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

ယင်းဆောက်လုပ်ရေးလုပ်ငန်းသည် တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး ယခုအခါ ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ဝင်ရောက်ဖြေရှင်းပေးမှုကြောင့် အလုပ်သမားများသည် နှစ်လစာရရှိမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအလုပ်သမားများအနေဖြင့် လုပ်အားခရရှိရန် ဆန္ဒပြတောင်းဆိုခဲ့ကြသော်လည်း တရုတ်နိုင်ငံသား အလုပ်ရှင်က လုပ်ခလစာကို အပြည့်မထုတ်ပေးဘဲ ကြိုတင်ငွေ ဘတ် (၅၀၀) သာ ပေးမည်ဟု ပြောဆိုခဲ့ခြင်းကြောင့် အလုပ်ရှင်၊အလုပ်သမားအကြား တင်းမာမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အလုပ်သမားများသည် တရုတ်အလုပ်ရှင်နှင့် တရုတ်နိုင်ငံသား အလုပ်သမားကြီးကြပ်သူများကို လုပ်ငန်းခွင်ထဲမှ ထွက်ခွာခွင့်မပြုဘဲ ဝိုင်းဝန်းပိတ်ဆို့ထားကြောင်း သိရသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ဩဂုတ်လ (၁၈) ရက်‌တွင် အဆိုပါ လုပ်ငန်းခွင်သို့ သွားရောက်ပြီး အလုပ်ရှင်နှင့်တွေ့ဆုံကာ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here