အီရန်သမ္မတ ‌ေ-သဆုံးခဲ့ရသည့် ရဟတ်ယာဉ်ပျ-က်ကျမှုကို မတော်တဆမှုဟု တရားဝင်သတ်မှတ်

0
188

အီရန်သမ္မတ အီဘရာဟင်ရာဆီ ‌ေ-သဆုံးခဲ့သည့် ရဟတ်ယာဉ်ပျ-က်ကျမှုအပေါ် စုံစမ်းစစ်ဆေးမှုများအား အီရန်နိုင်ငံ တာဝန်ရှိအစိုးရဌာနများ အဆုံးသတ်လိုက်ပြီဖြစ်ပြီး ယင်းဖြစ်ရပ်ကိုလည်း မတော်တဆမှုဟု တရားဝင်သတ်မှတ်လိုက်ပြီဖြစ်ကြောင်း အီရန် အထူးဝန်ဆောင်မှုတစ်ခုမှ သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ အီရန်အခြေစိုက် Fars သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

“လုံခြုံရေးနဲ့ ထောက်လှမ်းရေးတွေက နက်နက်ရှိုင်းရှိုင်း စုံစမ်းစစ်ဆေးမှု ပြီးမြောက်ခဲ့ပြီးတဲ့နောက်မတော့ ဖြစ်ပျက်ခဲ့တာဟာ မတော်တဆမှုဖြစ်တယ်လို့ ယုံကြည်ချက်အပြည့်ရှိပါတယ်” ဟု သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

“သမ္မတလိုက်ပါစီးနင်းခဲ့တဲ့ ရဟတ်ယာဉ်ဟာ ဘေးကင်းရေးဆိုင်ရာ သတ်မှတ်ချက်ထက်ပိုတဲ့ ခရီးသည်အရေအတွက်ကို တင်ဆောင်လာမိတဲ့အတွက်၊ လေယာဉ်မှူးက မြူခိုးတွေကို သတိပြုမိတာကြောင့် အဲဒါတွေကိုကျော်လွန်တဲ့ အမြင့်ပေအထိ ရဟတ်ယာဉ်ကို တက်ဖို့ကြိုးစားတဲ့အခါ ရဟတ်ယာဉ်ဟာ အမြင့်ကိုတက်နိုင်စွမ်းမရှိခဲ့ပဲ၊ မြူခိုးတွေကြားမှာပျံသန်းသွားနေရင်း တောင်နဲ့ တိုက်မိသွားကာ ပျ-က်ကျခဲ့တာဖြစ်ပါတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။

အီရန်သမ္မတ‌ေ-သဆုံးပြီးနောက် အီရန်နိုင်ငံ အထူးစုံစမ်းရေးအဖွဲ့များသည် လူ ၃သောင်းထက်မနည်းကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးမှသာလျှင် မတော်တဆမှုသေချာကြောင်း ကောက်ချက်ချခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်အရ သိရသည်။

လုံခြုံရေးလိုအပ်ချက်များနှင့်အညီ ရဟတ်ယာဉ်တွင် GPS စနစ်များ တပ်ဆင်ထားခြင်း မရှိကြောင်းကိုလည်း သတင်းရင်းမြစ်က ဆိုသည်။

ရဟတ်ယာဉ်ပျ-က်ကျစေနိုင်သည့် ဓာတုပစ္စည်း သို့မဟုတ် အန္တရာယ်ဖြစ်စေနိုင်သည့် အခြား သက်သေအထောက်အထားများကိုလည်း စုံစမ်းစစ်ဆေးမှုများတွင် မတွေ့ခဲ့ရချေ။

အီရန်သမ္မတ ရာဆီ နှင့် အခြားအီရန်အရာရှိများ လိုက်ပါစီးနင်းခဲ့ကြသည့် ရဟတ်ယာဉ်တစ်စင်းသည် မေလ ၁၉ ရက်က အီရန်မြောက်ပိုင်းတွင် ပျ-က်ကျခဲ့သည်။ ရဟတ်ယာဉ်ပေါ် ပါလာသူ အားလုံး ‌ေ-သဆုံးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here