မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တာချီလိတ်တွင် တတိယအကြိမ် ရေကြီးရေလျှံမှု ဖြစ်ပွား

0
90

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ ထပ်မံမြင့်တက်လာပြီး ယနေ့ ဩဂုတ်လ (၂၂)ရက် နံနက်ပိုင်းမှစပြီး တာချီလိတ်မြို့တွင် တတိယအကြိမ် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိတွင် တာချီလိတ်မြို့ ၊ ရပ်ကွက်အချို့ရှိ လူနေအိမ်များနှင့် လမ်းများပေါ်၌ ရေဝင်ရောက်လျဉ်ရှိပြီး သွားလာရ ခက်ခဲသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသ ည်။

“ချောင်းရေက မနက် (၆)နာရီလောက်တည်းက တက်နေတာ။ အခုထိပဲ။ မယ်ဆိုင်‌ေချာင်းတစ်လျှောက် မြေနိမ့်ပိုင်းတွေ ရေဝင်နေတာပေါ့။ မိုးကလည်းအခုထိ ရွာနေတုန်းဆိုတော့စောင့်ကြည့်‌အနေအထားပေါ”ဟု တာချီလိတ် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

သြဂုတ်လ (၂၁) ရက်မှ (၂၄)ရက်အထိ ရှမ်းပြည်နယ်‌ တောင်ပိုင်းရှိ မြို့အချို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်နှင့် ကျိုင်းတုံ ဒေသတို့တွေမှာ မိုးများစွာရွာနိုင်ပြီး မိုးကြီး ရေလျှံသတိပြုကြရန် မိုး/ဇလက အသိပေးထုတ်ပြန်ထားသည်။

မယ်ဆိုင်ချောင်းရေ ယနေ့မြင့်တက်လာမှုသည် ယခုလအတွင်း တတိယအကြိမ် မြင့်တက်ခြင်းဖြစ်ပြီး ဩဂုတ်(၁)ရက်တွင် တစ်ကြိမ်၊ ဩဂုတ် (၁၄) ရက်တွင်တစ်ကြိမ် မြင့်တက်ခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here