ကျည်ကာမှန်ဖြင့် မဲဆွယ်စင်မြင့်ထက်ကို ထရန့် တကျော့ပြန်ရောက်လာ

0
381
Former US President and Republican presidential candidate Donald Trump speaks behind bulletproof glass during a campaign rally at the North Carolina Aviation Museum & Hall of Fame in Asheboro, North Carolina, August 21, 2024. (Photo by Peter Zay / AFP)

မြောက်ကာရိုလိုင်းနားပြည်နယ် အက်ရှိဘိုရိုမြို့၌ ပြုလုပ်သည့် မဲဆွယ်ပွဲတွင် ကျည်ကာမှန်တပ်ထားသည့် စင်မြင့်ထက်သို့ ဒေါ်နယ်ထရန့် ရောက်လာခဲ့သည်။ ပြီးခဲ့သည့်လက ပင်ဆယ်ဗေးနီးယားပြည်နယ် ဘတ္တလာမြို့ မဲဆွယ်ပွဲတွင် ‌ေ-သနတ်ပစ်ခံ၍ ထရန့် ဒဏ်ရာရရှိခဲ့ပြီးနောက် ယခု မဲဆွယ်ပွဲမှာ သူ၏ ပထမဆုံး ပြင်ပ မဲဆွယ်စည်းရုံးမှုဖြစ်သည်။

အဆိုပါ ပစ်ခတ်မှု၌ ထရန့်သည် နားရွက်တွင် ‌ေ-သနတ်ဒဏ်ရာရခဲ့သည့်အပြင် ပရိသတ်နှစ်ဦးလည်း ဒဏ်ရာရခဲ့ပြီး အမျိုးသားတစ်ဦး ‌ေ-သဆုံးခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် သမ္မတဟောင်းအနေဖြင့်လတ်တလောတွင် ရုံတွင်း မဲဆွယ်မှုများကိုသာ လုပ်ဆောင်ရန် လျှို့ဝှက်ထောက်လှမ်းရေးဌာနက အကြံပြုခဲ့သည်။ ထို့နောက် ပြီးခဲ့သည့် သီတင်းပတ်တွင်မူ ထရန့်အနေဖြင့် သူ့ကို အကာအကွယ်လုပ်ထားသည့် ကျည်ကာမှန်နောက်ကွယ်မှ ပြင်ပ မဲဆွယ်ပွဲများကို ကျင်းပစေမည်ဟု လျှို့ဝှက်ထောက်လှမ်းရေးဋ္ဌာနက ပြောဆိုခဲ့သည်။

ထရန့်၏ မြောက်ကာရိုလိုင်းနား မဲဆွယ်ပွဲသည် ဒီမိုကရက်တစ် နိုင်ငံရေးသမားများနှင့် ထင်ရှားကျော်ကြားသူများ ပါဝင်သည့် ဒီမိုကရက်တစ်ပါတီ ညီလာခံရက်သတ္တပတ်အတွက် တန်ပြန် မဲဆွယ်အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့သည်။

မဲဆွယ်ပွဲကို ရီပတ်ဘလီကန် ဒုတိယ သမ္မတလောင်း ဂျေဒီ ဗန့်စ် က အဖွင့်နှုတ်ခွန်းဆက်စကား တစ်မိနစ်နီးပါး ပြောခဲ့သည်။ ယင်းနောက် ရဲအရာရှိများနှင့် မြောက်ကာရိုလိုင်းနား၏ ရီပတ်ဘလီကန်အမတ် မာ့ခ် ရော်ဘင်ဆင်တို့ ခြံရံထားလျှက် ထရမ့်ပ်သည် စင်မြင့်ထက်သို့ တက်လာသည်။

ထရန့်သည် နေတိုး၊ အာဖဂန်နစ္စတန်၊ ရုရှားတို့နှင့် ပတ်သက်၍ ကောင်းစွာပြင်ဆင်ထားသော ဟောပြောချက်များနှင့်အတူ နိုင်ငံတော်လုံခြုံရေးကိုအဓိကထား၍ မိန့်ခွန်းကို စတင်ခဲ့ပြီး သူ၏ ဒီမိုကရက်တစ်ပြိုင်ဘက် ကင်မ်လာ ဟဲရစ်ကို ဝေဖန်တိုက်ခိုက်ခဲ့သည်ကိုလည်း တွေ့ရသည်။

Ref: သည်ဂါးဒီးယန်း


LEAVE A REPLY

Please enter your comment!
Please enter your name here