နိုင်ငံ့ဝန်ထမ်း လစာများကို ဒီဂျစ်တယ်ငွေသား ပေးချေမှုဖြင့် ဆောင်ရွက်မည်

0
449

နိုင်ငံ့ဝန်ထမ်းလစာများကို ပေးချေရာတွင် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် ငွေသားအစား ဒီဂျစ်တယ်နည်းလမ်းဖြင့် လစာငွေပေးချေနိုင်စေရေး စတင်ဆောင်ရွက်နိုင်ရန် မြ န်မာနိုင်ငံတော် ဗဟိုဘဏ်က ပြင်ဆင်နေကြောင်း သိရသည်။

ထိုကဲ့သို့ ပြင်ဆင်ရာတွင် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး မြို့များတွင်ရှိသည့် ဝန်ထမ်းများ၏ လစာငွေကို ဒီဂျစ်တယ် နည်းလမ်းဖြင့် ပေးချေကာ တွင်တွင်ကျယ်ကျယ် လုပ်ဆောင် နိုင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

လက်ရှိတွင် နေပြည်တော်က ဝန်ကြီးဌာန (၃၄) ခု၌ ရှိသည့် ဝန်ထမ်းများ၏ လစဉ်လစာငွေကို Payroll Service ဖြင့်ပေးဆောင်လျက်ရှိနေသလို ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့်ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဝန်ထမ်းများ၏ လစာငွေကိုလည်း ဒီဂျစ်တယ်နည်းလမ်းဖြင့် ကျပ် (၉) ဘီလီယံကျော်အထိ လစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့အတွက် ဗဟိုဘဏ် က ပုဂ္ဂလိကဘဏ်များနှင့် ငွေကြေး ဝန်ဆောင်မှု ကုမ္ပဏီများအား လုပ်ပိုင်ခွင့်ပေးထားကြောင်း သိရပြီး ကတ်ဖြင့် လစာငွေ ရယူသည့် ဝန်ထမ်းများ လစာထုတ်ယူရာမှာ အဆင်ပြေစေရန်အတွက်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ATM စက်များ တပ်ဆင်ထားပေးလျက်ရှိကြောင်း သိရသည်။

ဝန်ထမ်းလစာ ပေးချေမှုတွင် လုပ်ပိုင်ခွင့်ရထားသည့် ဝန်ဆောင်မှုလုပ်ငန်းများ၌ KBZ ၊ UAB ၊ CB ၊ AYA ၊ Wave Money ၊ OK Dollar ၊ Zego Money ၊ UniPay ၊ True Money ၊ ရွှေဘဏ်၊ Trusty Ecommerce ၊ A Bank ၊ AGD ၊ MAB ၊ M-ပိုက်ဆံ ၊ MCB Bank တို့ ပါဝင်လျက်ရှိနေကြောင်းလည်း လတ်တလာ သိထားရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here