ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့်ပြည်နယ်အနှံ့ မိုးထစ်ချုန်းရွာနေဦးမည်

0
79

ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေသည့်အတွက် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပါဝင် တိုင်းနှင့်ပြည်နယ်အနှံ့၌ မိုးထစ်ချုန်းရွာနေဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သြဂုတ် (၂၂) ရက် ၊ ညနေ(၄)နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။

အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိနေပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းထားပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။

ထို့ကြောင့် နံနက်ဖြန် နံနက်အထိ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်းတွင် နေရာကွက်ကျား၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။

နောက်(၂)ရက်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းလာမည်ဖြစ်ပြီး နေပြည်တော်နှင့် ရန်ကုန်၊ မန္တလေး အနီးတစ်ဝိုက် မနက်ဖြန် နံနက်အထိ မိုးအသင့်အ တင့် ထစ်ချုန်းရွာမည်ဖြစ်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here