အဆိုးရွားဆုံးပုံစံဖြင့် ခို-င်းစေခြင်းခံရသော က-လေးသူငယ်များ အလုပ်လုပ်နေသည့် နေရာများအထိသွားရောက် စစ်ဆေး၍ ကလေ-းလုပ်သား ဖယ်ရှားရေးလုပ်မည်

0
411

အဆိုးရွားဆုံးပုံစံဖြင့် ခို-င်းစေခြင်းခံရသော ကလေ-းအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားနိုင်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများအပါအဝင် ကလေ-းသူငယ်များ အလုပ်လုပ်နေသည့် နေရာများအထိ သွားရောက်ကာ စစ်ဆေးရန်လိုအပ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည်က ပြောကြားသည်။

အဆိုးရွားဆုံးပုံစံဖြင့် ခို-င်းစေခြင်းခံရသော ကလေ-းအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် (၂ ၁) ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာတွင် ဒုတိယဝန်ကြီးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ လုပ်ငန်းစီမံချက်ပါ ကျူးလွန်သူကို တရားစွဲဆိုခြင်း၊ ကလေ-းသူငယ်များကို အကာအကွယ်ပေးခြင်း၊ လိုအပ်သော ထောက်ပံ့ကူညီမှုများ ပံ့ပိုးပေးခြင်းတို့ကို အလေးပေးဆောင်ရွက်လျက် ရှိပါကြောင်း အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ပြောသည်။

ကလေ-းလုပ်သားစစ်တမ်း ၂၀၂၃ -၂၀၂၄ အစီရင်ခံစာအရ အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ကလေ-းသူငယ် (၃၉) ဦးကို လူမှုဖြစ်ရပ်စီမံခန့်ခွဲမှု နည်းလမ်းများနှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး စိတ်လူမှု ပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အရည်အသွေးပြည့်ဝသော လုပ်သား ကောင်းများရရှိစေရေး လူငယ်သင်တန်း ကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများအတွက် သက်မွေးပညာသင်တန်းများကို သင်ကြားလေ့ကျင့်ပေးလျက်ရှိပြီး ကလေ-းအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီများမှလည်း ပူးပေါင်းဆောင်ရွက် ဖွင့်လှစ်ပေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။

ထိုသို့ အသိပညာပေး ဆွေးနွေးပွဲများအနေဖြင့် ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒုတိယ (၃) လပတ်အထိ ကလေ-းသူငယ် အခွင့်အရေးများ ဆိုင်ရာဥပဒေနှင့် ကလေ-းအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲ (၂၅) ကြိမ်ကို တက်ရောက်သူ (၂၂၁၈) ဦးဖြင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

တက်ရောက်လာသူများက စီမံချက်များ၊ ပံ့ပိုးပေးနိုင်မည့် နည်းလမ်းများဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here