ထိုင်းနိုင်ငံ၌ အာရှ၏ပထမဆုံးအနေဖြင့် အ‌ေ-သအပျောက်ရှိသည့် mpox မျိုးကွဲသစ်တွေ့ရှိကြောင်းအတည်ပြု

0
253

ဘန်ကောက်၊ဩဂုတ် ၂၂

ထိုင်းနိုင်ငံ၌ အာဖရိကမှ ထိုင်းသို့လာရောက်သည့်ခရီးသွားတစ်ဦးတွင် ‌ေ-သဆုံးနိုင်သည့် မျောက်ကျောက်မျိုးကွဲသစ်အား အာရှ၏ပထမဆုံးအနေဖြင့် တွေ့ရှိခဲ့ရပြီဖြစ်ကြောင်း ဩဂုတ်လ ၂၂ ရက်နေ့တွင် အတည်ပြုပြောကြားခဲ့သည်။

အဆိုပါလူနာသည် ဩဂုတ်လ ၁၄ ရက်နေ့က ထိုင်းနိုင်ငံသို့ဝင်ရောက်လာပြီး မျောက်ကျောက်ရောဂါသံသယလူနာအဖြစ် ဆေးရုံသို့ပို့ဆောင်ခြင်းခံခဲ့ရသူတစ်ဦးလည်းဖြစ်သည်ဟုသိရသည်။

ထိုင်းနိုင်ငံ၏ ရောဂါထိန်းချုပ်ရေးဌာနကမူ အသက် ၆၆ နှစ်အရွယ်ရှိ အဆိုပါဥရောပအမျိုးသားအား စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဓါတ်ခွဲအဖြေများအရ ၎င်းတွင် mpox Clade 1b ကူးစက်ခံထားရကြောင်း အတည်ပြုခဲ့သည်ဟုပြောကြားခဲ့သည်။

“ဥရောပနိုင်ငံသားတစ်ဦးစီကနေ mpox Clade 1b စစ်ဆေးတွေ့ရှိရတယ်ဆိုတဲ့ ရလဒ်ကို ထိုင်းနိုင်ငံရောဂါထိန်းချုပ်ရေးဌာနက အတည်ပြုလိုက်ပါပြီ၊ဆက်လက်စောင့်ကြည့်သွားပြီးတော့လည်း ကူးစက်မှုထပ်ရှိမရှိကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို အကြောင်းကြားသွားမှာပါ” ဟုလည်းဆိုခဲ့သည်။

“လက်ရှိမှာ ဒီလူနာနဲ့အနီးကပ်ထိတွေ့ခဲ့တဲ့ လူ ၄၃ ယောက်ကို ကျွန်တော်တို့စောင့်ကြည့်နေပြီး သူတို့မှာတော့ရောဂါလက္ခဏာပြတာမျိုးမရှိသေးပါဘူး၊ဒါပေမဲ့လည်း ၂၁ ရက်ပြည့်တဲ့အထိတော့ ဆက်လက်စောင့်ကြည့်သွားမှာပါ” ဟုလည်းပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသို့အဝင်အထွက်များ၌ mpox ဖြစ်ပွားရာနေရာများနှင့်နီးကပ်နေသည့် အန္တရာယ်ရှိသည့်နိုင်ငံပေါင်း ၄၂ နိုင်ငံမှ လာရောက်သည့်ဧည့်သည်များဖြစ်ပါက ဆိုက်ရောက်ချိန်တွင် ဆိုက်ရောက်ဗီဇာမှတ်ပုံတင်ပြီး စစ်ဆေးမှုခံယူရမည်ဖြစ်ကြောင်းလည်းညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။

ယခင်က မျောက်ကျောက်ဟုခေါ်ဆိုခဲ့သည့် mpox ရောဂါသည် အာဖရိကရှိ ကွန်ဂိုနိုင်ငံမှစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကွန်ဂို၌ ယခုနှစ်အတွင်း ရောဂါဖြစ်ပွားမှုပေါင်း ၁၆,၀၀၀ နှင့် ‌ေ-သဆုံးသူ ၅၀၀ ရှိခဲ့ကြောင်းလည်းသိရသည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here