စင်ကာပူအမျိုးသမီးကွင်းလယ်ကစားသမားကို အင်္ဂလန်ကလပ်အသင်း‌ခေါ်ယူ စင်ကာပူဘောလုံးသမိုင်းတွင် ပထမဆုံး မှတ်တမ်းဝင်

0
71

စင်ကာပူနိုင်ငံ လက်ရွေးစင်အမျိုးသမီး ကွင်းလယ်ဘောလုံးကစားသမား Sara Mericanကို အင်္ဂလန်ဘောလုံးကလပ်တစ်ခုဖြစ်သည့် ဝီဂန်အသင်း‌က ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်ထားသည်။

အင်္ဂလန်ကလပ်အသင်းက အာရှနိုင်ငံများမှကစားသမားများကို ယခုကဲ့သို့ ခေါ်ယူမှုသည် အာဆီယံအမျိုးသမီးကစားသမားများ ဥရောပထွက်ကစားခွင့်ရရန်လမ်းစဖြစ်လာနိုင်ကြောင်း စင်ကာပူသတင်းစာတွေက သုံးသပ်ရေးသားမှုများလည်း ရှိနေသည်။

အင်္ဂလန်နိုင်ငံ ဝီဂန်အမျိုးသမီးအသင်းသည် လန်ရှိုင်းယားအမျိုးသမီးလိဂ်၌ ဝင်ရောက်ယှဉ်ပြိုင်နေသည့်အသင်းဖြစ်ပြီး ရာသီသစ်အကြို အားဖြည့်မှုအဖြစ် Sara Merican ကို ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Sara Merican အနေဖြင့် အင်္ဂလန်တွင်သွားရောက်ကစားခွင့်ရရှိခြင်းသည် စင်ကာပူဘောလုံးလောက၌ ပထမဆုံး သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ပြီး၊ သူမသည်ယူ-၁၉အမျိုးသမီးလက်ရွေးစင်ဟောင်းဖြစ်သလို ၂၀၂၂ဆီးဂိမ်းပြိုင်ပွဲဝင် စင်ကာပူအမျိုးသမီးအသင်းတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here