ချင်းရိုင်အသင်းက မြန်မာပရိတ်သတ်များကို စွဲဆောင်ရန် လက်ရွေးစင်တိုက်စစ်မှူး ဝင်းနိုင်ထွန်း၏ ပုံရိပ်များကို အသားပေးဖော်ပြနေ

0
74

ထိုင်းလိဂ်(၁)ဘောလုံးကလပ် တစ်ခုဖြစ်သည့် ချင်းရိုင်ယူနိုက်တက်အသင်းက မြန်မာပရိတ်သတ်များကို စွဲဆောင်ရန် လက်ရွေးစင်တိုက်စစ်မှူး ဝင်းနိုင်ထွန်းလှုပ်ရှားမှုပုံရိပ်များကို အသားပေးဖော်ပြလျက်ရှိသည်ကိုတွေ့ရသည်။

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးဝင်နိုင်ထွန်းသည်လည်း အသင်း၌ ညာတောင်ပံကစားသမားအဖြစ် ပုံမှန်ပွဲထွက်ကစားခွင့်ရရှိနေသူဖြစ်ပြီး၊ အသင်း၏ နည်းပြဖြစ်သူအကြိုက် ကစားသမားတစ်ဦးလည်းဖြစ်နေကြောင်း သိရသည်။

လက်ရှိ ထိုင်းလိဂ်ရာသီသစ်အဖွင့်နှစ်ပွဲစလုံးတွင် ဝင်းနိုင်ထွန်းအ‌နေဖြင့် ပွဲထွက်ကစားခွင့်ရထား‌သော်လည်း ပွဲချိန် မိနစ်(၆၀)နောက်ပိုင်းတွင် ပုံမှန်လူစားလဲခံနေခြင်းမျိုးရှိနေသည်ကို တွေ့ရသည်။

မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ဝင်းနိုင်ထွန်းကို ချင်းရိုင်ယူနိုက်တက်အသင်းက တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူထားပြီး၊ကျောနံပတ် (၇၇)အား ဝတ်ဆင်ကစားနေခြင်းဖြစ်သည်။

၎င်းသည် ပြီးခဲ့သော ဘောလုံးရာသီအတွင်းအင်ဒိုနီးရှားကလပ် တစ်ခုဖြစ်သည့် ဘော်နီရိုအသင်း၌ သွားရောက်ကစားနေရာမှ ယခုနှစ်တွင် ထိုင်းလိဂ် ၁ ကလပ် ချင်းရိုင်ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ခဲ့‌ခြင်းလည်းဖြစ်သည်။

ထိုင်းလိဂ်(၁)ရာသီအဖွင့်ပွဲစဉ်တွင် ချင်းရိုင်းအသင်းနှင့် ခွန်ကန်အသင်းတို့ယှဉ်ပြိုင်ကစားရာ ချင်းရိုင်းအသင်းက (၂)ဂိုးသွင်းယူ၍ ဂိုးပြတ်ဖြင့် အနိုင်ရရှိထား သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here