မြန်မာ ယူ-၁၂ အသင်း၏  နောက်ဆုံးပွဲစဉ်အတွင်း ဂျပန်ကလပ်အသင်းကို အနိုင်ရလဒ် ထပ်မံထွက်ပေါ်

0
78

မြန်မာ ယူ-၁၂အသင်းအနေဖြင့် သြဂုတ်(၂၂)ရက် မွန်းလွဲ (၃)နာရီ အချိန်တွင် ဂျပန် ယူ-၁၂အသင်းဖြစ်သည့် Club Dragons Kashiwa အသင်းနှင့် နောက်ဆုံးပွဲစဉ် ယှဉ်ပြိုင်ကစားရာ (၁)ဂိုးသွင်းယူ၍ ဂိုးပြတ်ဖြင့် အနိုင်ရလဒ်ထပ်မံထွက်ပေါ်ခဲ့သည်။

အုပ်စုဗိုလ်အဆင့်တွင် ရောက်ရှိနေသော မြန်မာယူ-၁၂ အသင်းအနေဖြင့် ယမန်‌နေ့ မွန်းလွဲ(၁၂)နာရီအချိန်တွင် FC Zero အသင်းနှင့် ယှဉ်ပြိုင် ကစားသွားခဲ့ရာ (၂)ဂိုး (၁)ဂိုးဖြင့် ရှုံး နိမ့်ခဲ့ရသည်။

ထို့ကြောင့် ယနေ့ ပွဲစဉ်အား နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့ကြရပြီးနောက် အဆင့်သက်မှတ်ချက်တစ်ခုကို ယူဆောင်လာမည်ဖြစ်ကြောင့် အဖွဲ့ချုပ်က အသိပေးထားသည်။

” (၃၂) သင်းရှုံးထွက်အဆင့် တက်လှမ်းနိုင်ခဲ့တဲ့ မြန်မာယူ၁၂ အသင်း ကစားရမယ့် နောက်ဆုံးပွဲစဉ်မှာ အဆင့်သတ်မှတ်ချက်တစ်ခုကို ယူဆောင်လာပါမယ်။ ဘယ်အဆင့်မှာ ရပ်တည်နိုင်မလဲဆိုတာ Club Dragon Kashiwa U12 နဲ့ ပွဲစဉ်က အဖြေပါ”ဟု အသိပေးထားသည်။

မြန်မာယူ -၁၂ အသင်းသည် U -12 Junior Soccer World Challenge အုပ်စု ပွဲစဉ်များတွင် Tozuka Football Club Junior အသင်းကို (၂)ဂိုး (၁)ဂိုးဖြင့် လည်းကောင်း၊  Kashima Antlers Norte အသင်းကို (၁)ဂိုးစီဖြင့် သရေဖြင့်လည်းကောင်း၊  FC Basara Hyogo အသင်းကို(၂ )ဂိုးပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကာ အုပ်စု ပထမနေရာမှ (၃၂) သင်းအဆင့်သို့ တက်ရောက်ခဲ့ခြင်းလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here