၇ လအတွင်း ပြည်ပခရီးသွားဧည့်သည် ၇၀၀,၀၀၀ နီးပါး ဝင်ရောက်ခဲ့ရာတွင်စီးပွားရေးကိစ္စအတွက် ဝင်ရောက်သူပိုများ

0
373

၂၀၂၄ ခုနှစ်၏ ခုနှစ်လတာကာလအတွင်း ပြည်ပခရီးသွားဧည့်သည် ၇၀၀,၀၀၀ နီးပါး ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့်နှစ် အလားတူကာလတွင် ပြည်ပခရီးသွားဧည့်သည် ၆၁၀၀၀၀ သာဝင်ရောက်ခဲ့ပြီး နှိုင်းယှဉ်ပါက တိုးတက်လာကြောင်း ၊ ခရီးသွား အများစုမှာ တရုတ်၊ ထိုင်း၊ တောင်ကိုရီးယား၊ ဂျပန်စသည့်နိုင်ငံများမှ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် တစ်နှစ်တာလုံး‌အနေဖြင့် ပြည်ပခရီးသွားဧည့်သည် (၁ ဒသမ ၂၈ သန်း) ဝင်ရောက်ခဲ့ကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံကို ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုအနေဖြင့် အလည်အပတ်ခရီးစဉ်အဖြစ်ဝင် ရောက်သူ အလွန်နည်းပြီး စီးပွားရေးကိစ္စအတွက် ဝင်ရောက်သူလောက်သာရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံကို ပြည်ပခရီးသွား ဧည့်သည်ဝင်ရောက်မှုသည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ကိုဗစ်စတင်ဖြစ်ပွားသည့်အချိန်မှစ၍ ခရီးသွားဝင်ရောက်မှုရပ်တန့်ခဲ့ပြီး ယင်းနောက်ပိုင်းတွင်လည်း နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် နယ်မြေအေးချမ်းမှု မရှိသည့်အတွက်ပြည်ပခရီးသွား ဧည့်သည်ဝင်ရောက်မှု အလွန်နည်းပါးနေဆဲဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here