ပြည် – ရန်ကုန်ပြေးဆွဲနေသည့် အမှတ် (၇၂) အစုန် အမြန်ရထားလက်မှတ်များကို နေ့ရက်အလိုက် ကြိုတင်ရောင်းချပေးနေ

0
105

ပဲခူးတိုင်းဒေသကြီး ပြည်မြို့၊ ပြည်ဘူတာကြီး၌ ခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေစေရေး ပြည် – ရန်ကုန် ပြေးဆွဲလျက်ရှိသော အမှတ် (၇၂) အစုန် အမြန်ရထားလက်မှတ်များကို နေ့ရက်အလိုက် ကြိုတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပြည်ဘူတာ၌ လာမည့် ဩဂုတ် (၂၄) ရက်အတွက် အထက်တန်း (၃ ရက်ကြို) လက်မှတ်များကို တန်းစီစနစ်ဖြင့် စာရင်းကောက်ယူ၍ စိစစ်ရောင်းချပေးနေကြောင်းနှင့် လက်မှတ်ခဈေးနှုန်းမှာ ရန်ကုန်သို့ အထက်တန်း (၁၀၀၀၀)ကျပ် နှင့် ရိုးရိုးတန်း (၅၀၀၀) ကျပ်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရထားလက်မှတ်များရောင်းချပေးရာတွင် ခရီးသည်တစ်ဦးလျှင် ခရီးသွားမည့်သူ ကိုယ်တိုင်အပါ အထက်တန်းသုံးစောင်၊ ရိုးရိုးတန်းငါးစောင် ရောင်းချပေးခြင်းဖြစ်ပြီး မှတ်ပုံတင်မူရင်းဖြင့် ဝယ်ယူရမည်ဖြစ်သည်။

လက်မှတ်များကို နေ့စဉ် နံနက် (၇) နာရီမှ (၁၂) နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ (၁) နာရီမှ (၃) နာရီအထိ တစ်ကြိမ်နှင့် နေ့ချင်းလက်ကျန် လက်မှတ်များကျန်ရှိနေသေးပါက ည (၇) နာရီတွင် တစ်ကြိမ်ဆက်လက် ရောင်းချပေးမည်ဖြစ်ကြော င်း သိရသည်။

လက်မှတ်များကို လက်မှတ်ရုံတွင် တိုက်ရိုက်ဝယ်ယူရမည်ဖြစ်ပြီး အဆင်မပြေမှုများရှိပါက ရုံပိုင်ကြီး(အထူးတန်း) ပြည်ဘူတာထံတွင် လာရောက် အကူအညီတောင်းခံနိုင်‌ကြောင်းနှင့် ရထားထွက်ချိန်မှာ နေ့စဉ်ည (၉) နာရီတိတိဖြစ်ကြောင်း မြန်မာ့မီးရထား ပြည်ဘူတာမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here