စက်သုံးဆီ ဈေးနှုန်းများ အနည်းငယ်ဆီ ပြန်ကျ

0
172

ပြီးခဲ့သည့်တစ်ပါတ်‌တွင် မြင့်တက်ခဲ့သည့်ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ယခုတစ်ပါတ်‌တွင် ဓာတ်ဆီတစ်လီတာ (၂၅)ကျပ်နှင် ဒီဇယ်တစ်လီတာ (၁၀)ကျပ်ကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။

ယခုတစ်ပါတ် စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ (၂၉၇၅)ကျပ်၊ ၉၅ တစ်လီတာ (၃၁၁၅) ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ (၂၆၁၀) ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ (၃၂၀၀) ကျပ်ဖြစ်ပြီး ဖော်ပြပါဈေးနှုန်းများသည် ရန်ကုန်မြို့အတွင်းရောင်းချပေးသည့် ဈေးနှုန်းများဖြစ်ကာ နေရာဒေသအပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိနိုင်သည်။

အဆိုပါ ဈေးနှုန်းများအရ ၉၂ တစ်လီတာ (၁၅) ကျပ်၊ ၉၅ တစ်လီတာ (၂၅) ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ (၁၀) ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ (၁၀) ကျပ် ကျဆင်းလာကြောင်း သိရသည်။

ယခင်တစ်ပါတ် စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ (၂၉၉၀) ကျပ်၊ ၉၅ တစ်လီတာ (၃၁၄၀) ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ (၂၆၂၀)ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ (၃၂၁၀) ကျပ်ဖြစ်ကြောင်း သိရသည်။

သို့သော် စင်ကာပူနိုင်ငံ၏ MOPS ဈေးနှုန်းသည် အတတ်အကျမရှိ ပုံမှန်အတိုင်းရှိနေပြီး ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ အတတ်အကျ ပုံမှန်မရှိကြောင်း သိရသည်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် အတတ်အကျမမှန်သလို နယ်မြို့များရှိ စက်သုံးဆီဈေးနှုန်းသည် ရန်ကုန်ထက်ပိုများခြင်းကြောင့် သယ်ယူပို့ဆောင်စရိတ်၊ ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်များ ပိုကုန်ကျလာပြီး ကုန်ဈေးနှုန်းကြီးမြင့်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိစက်သုံးဆီ အခြေအနေနှင့် ပတ်သက်၍စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီး ကြပ်ရေးကော်မတီအနေဖြင့် ပြည်တွင်းစက်သုံးဆီ ဖူလုံမှုရှိစေရန်နှင့် ပြတ်လပ်မှုမရှိစေရန်အတွက် ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေနှင့် ပြည်ပမှဝင်ရောက်လာမည့် ဆီတင်သင်္ဘောများ၏ အခြေအနေများအရ စက်သုံးဆီပြတ်လပ်နိုင်ခြင်းမရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here